Jump to content

User:Shahmgmg

From Wikipedia, the free encyclopedia

. စာရေးသူ၏ - နိဒါန်း . .......................

. စာဖတ်သူတို့၏ အကျိုး(ဝါ) လူ့အကျိုးကို မျှော်ကိုး၍ လည်းကောင်း၊ ဗုဒ္ဓသာသနာ

ပျံ့ပွားရေးအတွက် လည်းကောင်း၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအတွက် လည်းကောင်း ၊

မြန်မာနိုင်ငံ၌ စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် လည်းကောင်း--ရည်ရွယ်၍ ဤစာကို
ရေးသားရာ၌ အချို့နေရာများတွက်(ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းထဲကလို  "ဖာနိုင်ငံကြီးဖြစ်သွား

လိမ့်မယ်"-ဆိုတဲ့ မိန့်ခွန်းစကား "အဲ့ဒါ စေတနာနဲ့ ရင့်သီးစွာမိန့်ခွန်းခြွေခြင်းဖြစ်တယ်" သို့ပါ၍

ဗိုလ်ချုပ်ကို နည်းနာယူကာ ပမာမှီး၍ ၎င်း၊စစ်မှန်သော သမိုင်းအမှန်နှင့် ထားရှိသင့်သော စိတ်ဓါတ်

အမှန်အသိတရားကို ဒွန်တွဲ၍ ၎င်း ၊ တိက္ခမဥာဏ်ဖြင့် ပရိယာယ်ဆင်ခြင်ကာ ဤဘလော့ကို

စေတနာဖြင့် ရေးသားလိုက်ပါသည်။ ဤသို့ရေးသားရာတွင် လူကို လူဟုသာ သက်မှတ်ပြီး

ကမ္ဘာ့ငြိမ်းချမ်းရေးကို အလိုရှိသူတိုင်းအတွက် စည်းလုံးညီညွတ်ရေးကို ဦးတည်ချက်ထားပါကြောင်း

သိစေအပ်ပါသည် ။

. ရှားမောင်မောင် . P.A.B.E. . (မန္တလေး ဗုဒ္ဓတက္ကသိုလ်)


. မြန်မာ အစ "တကောင်း"က . ......................................

. အကြည်ညိုလွန်ကဲ၍ ရေးသားခြင်းနှင့် နှိပ်ကွပ်လိုသဖြင့် ရေးသားသော ရေးသားချက်

စာပေဆိုးများကြောင့် စည်းလုံးညီညွတ်ရေးနှင့် ဘာသာ/သာသနာ၏ ဂုဏ်သိက္ခာသည် မှေးမှိန်

ပျောက်ကွယ်လျှက် ရှိပေ၏။ ဤသည်ကား စာပေလောကနှင့် ကျောင်းပညာရေးလောကသို့

လွှမ်းမိုးနေရာယူထားခြင်း၏ အဝိဇ္ဇာ အမှောင်တိုက်ကြီးပမာ ဖြစ်ပေ၏။

. သမိုင်းအစစ်အမှန်ကို သိမှ မိမိတို့၏ ဇာတိအမှန်နှင့် ဇာတိအမှားကို ခွဲခြားသိပေမည် ။

မိမိတို့၏ ဇာတိအမှားအမှန်ကို ခွဲခြားသိပါမှလည်း မျိုးချစ်စိတ် အမှန် ရှိပေမည်။

. လူ့အကျိုးကို မဲ့စေလျှင်ဖြင့် သမိုင်းအမှန်သည် မိုးပျံအောင် မှန်နေပါ့စေ၊လူသားတို့၏

အကျိုးကို မဲ့စေလျှင်ဖြင့် ယင်းသမိုင်းကို ရင်သွေးငယ်တို့၏ နှလုံးသားထဲသို့ မသွတ်သွင်းသင့်ပေ ။

သို့ပါ၍ သတ္တိတကာ့ သတ္တိတွေထဲမှာ သတ္တိအရှိဆုံးသူမှာ မိမိတို့၏ အမှားကိုပြုပြင်၍ လူသားတို့၏

ကာင်းကျိုးကို ပြုသူများသည်သာ သတ္တိအရှိဆုံးသူများ ဖြစ်ကြပေလိမ့်မည်။ ဒီကနေ့ ဒီအချိန်မှာ

မြန်မာနိုင်ငံဖွား မြန်မာနိုင်ငံသားများဖြစ်ကြပါလျှက် လူမျိုးခွဲခြားခြင်းကို ဘာသာ/သာသနာ ပေတံဖြင့်

မှားယွင်းစွာ တိုင်းထွာခြင်း/တိုင်းတာခြင်း ခံနေကြရသူများကို စာရေးသူကိုယ်တိုင် တွေ့နေ/မြင်နေရပါ

သည်။

. ဤအချက်ကို ထောက်ရှု့ခြင်းဖြင့် သိအပ်စရာတွေ၊တွေးအပ်စရာတွေ၊မေးအပ်စရာတွေ

ဖြစ်လာပါသည်။ လွတ်လပ်စွာ ပြောဆိုခွင့် ၊ ဝေဖန်ခွင့် ၊ကိုးကွယ်ခွင့် ၊ ရေးသားခွင့် - စသည်ဖြင့်

လွတ်လပ်စွာ တည်းဟူသော စကားလုံး (စကားစု) ရှေ့ခံထားသော်လည်း မည်သည့်နေရာမျှ

လုပ်ဆောင်ခွင့်များ မရရှိသော ဤမြန်မာ အတွင်း၌ အကျဉ်းကျနေသော ကလောင်တံပိုင်ရှင်အဖြစ်

စာရေးသူတို့၏ နှလုံးသားမှာ ခံစားနေရပါတယ်။

. ရွှေညဝါဆရာတော်အား နိုင်ငံရေးတရားဟောသည်-ဟု တရားဟောခွင့်ပိတ်ဆို့တထားတာ

ကို ကြည့်ခြင်းအားဖြင့် သိသာလွန်းပါသည်။ နိုင်ငံ၏ အရေး၌ ဘာသာ/သာသနာ၏ အရေးပါမှုသည်

အလွန်အရာရောက်လှပြီး၊ ဘာသာ/သာသနာ၏ အရေး၌လည်း နိုင်ငံသားတိုင်း၏ အရေးပါမှုသည်

အလွန်အရာရောက်ပေသည်။ ကြက်ဥအတွင်းရှိ အနှစ်နှင့်အကာသည် သင့်တင့်လျောက်ပတ်စွာဖြင့်

ကြက်ကလေးကို ရှင်သန်ခွင့်ရစေသကဲ့သို့ .... ကြက်ဥကို ကိုယ်နှင့်မကွာ ရင်ငွေ့ ပေးကာ စောင့်-

ရှောက်သော ကြက်မကြီးမှာ နိုင်ငံနှင့်သာသနာကို ရှင်သန်ခွင့်ရအောင် လုပ်ဆောင်သူတို့ပင် ဖြစ်၏။

သို့ပါ၍ ကောသလမင်းကြီး၏အိပ်မက်ဝတ္ထုကပင် ဘုန်းတော်ကြီးများ နိုင်ငံရေးတရားဟောခြင်းအား

တရားတော်နှင့် ဖီလာဆန့်ကျင် လုံးဝ မဖြစ်ပါကြောင်း သက်သေခံနေပေသည်။ထောက်ခံနေလေ၏။

. သို့သော် ... ငါ့လူမျိုး ၊ ငါ့ ဘာသာ ၊ ငါ့ သာသနာ ၊ ငါ့နိုင်ငံ -ဟု အဓိပ္ပါယ် ရောထွေးနေသူတို့

အတွက်မူ -ဒီမိုကရေစီ ဆိုတာ ဘာလဲ ? ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွသော အာဇာနည်

ခေါင်းဆောင်ကြီးများ၏ အသက်ပေါင်းများစွာ စတေးပြီး အရယူပေးခဲ့သော လွတ်လပ်ရေးဆိုတာ

ဘာလဲ ? ပင်လုံစာချုပ်ဆိုတာ ဘာလဲ ? စသည်ဖြင့် မေးစရာ တွေးစရာတွေ ရှိလာပါတယ် ။

. ပမာအားဖြင့် စဉ်းစားသော် အိန္ဒိယနိုင်ငံဖွား အိန္ဒိယနိုင်ငံသားခံယူသူသည် ဗုဒ္ဓဘာသာကို

ပြောင်းလဲ ကိုးကွယ်လျှင် ဗမာလူမျိုးတစ်ယောက် ဖြစ်သွားနိုင်ပါသလား ? ဤသို့လျှင် ဗမာလူမျိုး

တစ်ယောက်သည်(သို့မဟုတ်)မြန်မာတိုင်းရင်းသားတစ်ယောက်ယောက်သည် အစ္စလာမ်ဘာသာကို

ပြောင်းလဲ ကိုးကွယ်လျှင် အိန္ဒိယ သို့မဟုတ် ပါကစ္စတန် - ဖြစ်သွားနိုင်ပါသလား ? သို့ပါ၍ ဘိုးစဉ်

ဘောင်ဆက်မှ စလို့ ယနေ့ခေတ်တိုင် မြန်မာနိုင်ငံဖွား မြန်မာနိုင်ငံသားများထဲမှ စ၍ ရှေးမြန်မာ

ဘုရင်မင်းအဆက်ဆက် အထံပါး၌ သစ္စာစောင့်သိစွာဖြင့် မင်းမှု့ ထမ်းခဲ့ကြသော ပသီ(ဝါ)တပဿီ-

လူမျိုးတို့နှင့် ဗုရ်မာ(ဝါ)ဗမာလူမျိုးများအား သွေးခွဲပေးသော စနစ်ဆိုးများကို အမျိုးသားမှတ်ပုံတင်

ရုံးများ၌ တွေ့ရှိနေရပါသဖြင့် စာရေးသူ စေတနာဖြင့် ရှင်းလင်းရေးသားပါမည်။

. တိုင်းရင်းသားနွယ်ဖွား ဗမာမွတ်စလင်များခမျာ ခေတ်အဆက်ဆက်၌ ပသီ(ဝါ)တပဿီ လူမျိုး

ဟု ဂုဏ်ယူဝံ့ကြွားခဲ့သလို ဗမာမွတ်စလင်(ဝါ)ဗမာလူမျိုးဟုလည်း ဂုဏ်ယူဝံ့ကြွားခဲ့လေသမျှ - ဤခေတ်

ဤအခါ၌ လဲလှယ်ကိုင်ဆောင်ထားရပါသော မိမိတို့၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားများကိုကြည့်၍

ဗမာဟူသော(ဝါ)ဗမာမွတ်စလင်ဟူသော ဂုဏ်ပုဒ်ကို ငတ်မွတ်စွာ တောင့်တလျှက် စိတ်မကောင်းဖြစ်

ကာ ဝမ်းနည်းလျှက် ရှိပေသည်။

. ငါ့အဖေ ၊ ငါ့ အဖိုး ၊ ငါ့ အဘေး - အားလုံးက မြန်မာနိုင်ငံဖွား (ဗမာစကား)ပြောသော(ဗမာမွတ်

စလင်)များ ဖြစ်ကြပါလျှက်နှင့် ငါ့ကျမှ အဘယ်ကြောင့် (အိန္ဒိယတွေ / ပါကစ္စတန်တွေ) ဖြစ်ကြရပါ

သနည်း ? ဟု ... စာရေးသူ ဗုဒ္ဓသာသနာ ပြုနေချိန်၌ စာရေးသူအား မေးမြန်းလာလေတော့၏။

. မည်သို့ပင်ဆိုစေ ကျွန်းပင်သည် ကျွန်းဖြစ် ကိုင်းပင်သည် ကိုင်းဖြစ်သည်ဟု ... စာဖတ်သူတို့

တွေးကောင်းတွေးပေလိမ့်မည်။ စာရေးသူလည်း ထိုသို့တွေးဖူးပါသည် ။ သို့သော် ထိုသို့တွေးတော

ခြင်းသည် အဘိဓမ္မာအရ မှားယွင်းလေ၏ ။ အဘယ်ကြောင့်ဟူမူ လူသည် ကျွန်းပင်မဟုတ် လူသည်

ကိုင်းပင်မဟုတ်သောကြောင့်တည်း ။ သို့ပါ၍ ဗမာ့သွေးစစ်စစ်သည်သာ ဗုဒ္ဓဘာသာဝင်များ ဗမာလူမျိုး

များ ဟု ခံယူထားသူများအား အကျဉ်းရုံး၍ ရှင်းအံ့ ။

. မြန်မာအစ 'တကောင်း'က ဆိုသည်နှင့်အညီ တိမ်းမြုပ် ဖျောက်ကွယ်ခြင်း ခံထားရရှာသည့်

မြန်မာ့သမိုင်း အမှန်ကို အဘိဓမ္မာတိက္ခမဉာဏ်ယှဉ်၍ (ပုထု+ ဇ < j a > န=ပုထုဇဉ် ... သာမာန်+လူ=

(ရိုးရိုးလူ)သာမာန်လူ - ဖြစ်သော ကျွန်ုပ်သည် ဤဘလော့၌ ရေးသားအံ့ ။

. ကျားရဲတိရစ္ဆာန်များ ကျက်စားသော မြန်မာဟု သမုတ်ခြင်း မပြုရသေးသော ဤတောမြိုင်ကြီး

ထဲသို့ အိန္ဒယ (ဣန္ဒြိယ) ပြည် (လခနောင်မြို့)ထဲမှ လူယဉ်ကျေး တစ်စုသည် ယခု ကျွန်ုပ်တို့

နားလည်အပ်သော ဧရာဝတီမြစ်ကမ်းဆီသို့ စုရုံးရောက်ရှိလာကြလေ၏။ ထိုလူစုထဲတွင် ဗုဒ္ဓဘာသာဝင်နှင့်

အစ္စလာမ်ဘာသာဝင် ဟူ၍ ဘာသာဝင်နှစ်မျိုးပါဝင်လေ၏။

. ဗုဒ္ဓဘာသာဝင်တို့သည် မြစ်ကမ်းနံဘေး၌ ဗုရ်ခါနာ (Burkhānā) = ဆင်းတုရုပ်ပွားတော်တို့ဖြင့်

ပြီးစီးအပ်သော စေတီ၊ပုထိုး ။ ကို ဦးစွာတည်ဆောက်လေ၏။ (B u r k h ā n ā  +  m ā  > B u r m ā )ဟု

ရေဖွ ( R ) အသံကို အလွန်အသုံးနည်းသော ကျွန်ုပ်တို့မှာ ( B a m ā ) ဗမာ - ဟု ခေါ်ဝေါခြင်းဖြင့် (UR-ဥရ်)

သရမှာ သမိုင်း၌ ဖျောက်ကွယ်ခြင်းခံလိုက်ရလေ၏ ။ ဤသို့လျှင် အစ္စလာမ်ဘာသာ ကိုးကွယ်သူတို့သည်လည်း

ထိုအချိန်က မြစ်ကမ်းနံဘေး၌ ဗလ်=ဗလ ( B a l a + ī > B a l ī ) ဗလီ ဟု သမုတ်အပ်သော = အင်အား

ကြီး၍ ထုထည် ခိုင်မာသော ဘုရားကျောင်း ။ - ကို တည်ဆောက်ကာ တစ်နေ့လျှင် (၅)ကြိမ် ဘုရားဝတ်ပြုခြင်း

တစ်နှစ်လျှင် တစ်လ ဥပုသ်ပြုခြင်းတို့ကြောင့် ယင်းတို့ကို တရားကျင့်ကြံသူဟု အဓိပ္ပါယ်ရသော တပဿီ(ဝါ)

ပသီ - လူမျိုးဟု ဗမာတို့က ခေါ်ဝေါသမုတ်လေ၏ ။ သို့ပါ၍ ပသီလူမျိုးတို့သည်လည်း ကျွန်ုပ်တို့ဗမာလူမျိုးတို့အား

သင်တို့သည်လည်း ဗုရ်ခါနာ ဘုရားဆင်းတုတော်တို့အား ကြည်ညိုကိုးကွယ်သူများဖြစ်ပေသည် ... သို့ပါ၍

သင်တို့သည် ဗုရ်မာ - လူမျိုးများဖြစ်ပေ၏ ဟု သမုတ်ခေါ်ဝေါလေ၏ ။ ဤသို့ဖြင့် ပသီ(ဝါ)တပဿီ လူမျိုးနှင့်

ဗမာ(ဝါ) ဗုရ်မာ - လူမျိုးတို့သည် ရှေးဦးမစွကပင် မြန်မာဟုသမုတ်အပ်သော ဤမြေထက်၌ နေထိုင်လာကြကုန်၏။

. " ကျွန်ုပ်တို့နားလည်အပ်သော ဗမာစာ ဖြစ်တည်လာပုံ အကျဉ်း "

. ဗုရ်မာ နှင့် ပသီ - လူမျိုးတို့သည် စာပေတတ်ကျွမ်းသူများဖြစ်သည့်အလျောက် ပေစာ၊ကျောက်စာများကို

ရေးသားကြလေ၏ ။ ဤသို့ရေးသားရာတွင် ကျောက်စာထွင်းရာ၌လွယ်ကူစေရန်နှင့် ပေစာရေးရာ၌လွယ်ကူစေရန်

အလို့ငှာ စာလုံးပုံစံအမျိုးမျိုးကို ကျောက်စာများ၌လည်းကောင်း ၊ (လက်ရေးသော့စနစ်ဖြင့်) ပေစာများ၌ လည်းကောင်း

များပြားစွာ ရေးသားကြလေ၏ ။ အဖိုးဘာသာစကား ဖြစ်သော သင်သကရိုက်ထ် ( Sinsakarat ) သက္ကတဘာသာစာပေ

ဖြစ်သော အိန္ဒိယ ( ဣန္ဒြိယ ) ပြည် (နာဂဓ)တိုင်းသုံး (နာဂရီ) စာပေမှတစ်ဆင့် ဆင့်ပွားရယူအပ်သော အဖေဘာသာ

စကား ဖြစ်သော ပါဠိစာပေကို မွေးထုပ်ပေး၏ ။ ထို ပါဠိ စာပေမှ တစ်ဆင့် သားဘာသာစကား ဖြစ်သော ကျွန်ုပ်တို့

နားလည်အပ်သော ဗမာ(ဗုရ်မာ)စာပေကို မွေးထုတ်ပေးလေ၏ ။ ဤသို့ဖြင့် ကျွန်ုပ်တို့ နေ့စဉ် ရေးသားပြောဆိုသော

ဗမာစကား(ဝါ) ဗုရ်မာ စကားနှင့် စာပေကို ဖြစ်ထွန်းစေလေ၏ ။

. ယင်းသို့ဖြစ်ထွန်းပြောင်းလဲရာတွင် အလွန်အရေးကြီးသော ဓါတ်ပုဒ်+ပစ္စည်း+ဝိဘတ်=ကြိယာ -ဟု ဖြစ်လေ၏။

နောင်အခါ၌ ဂျူးလူမျိုးတို့သည် ယင်းစာပေ၏ ဓါတ်ပုဒ်များကိုယူ၍ ကွန်ပြူတာ ဘာသာရပ်ဆော့ဝဲရ်(၅)မျိုးတွင် တစ်မျိုးအဖြစ်

ထည့်သွင်းရေးဆွဲခဲ့ကြလေသည် သက္ကတဘာသာရပ်ဟုခေါ်ပြီး ယုတ္တိဗေဒနှင့်ဆက်နွယ်လေ၏ ။ ထိုဓါတ်ပုဒ်များမှတစ်ဆင့် ကျွန်ုပ်တို့

နေ့စဉ်ပြောဆို ရေးသားနေကြသော ဗမာစကားနှင့် ဗမာစာကို ဖြစ်ထွန်းခဲ့ပါသည်။ ဤသို့ဖြင့် ရှေးမြန်မာဘုရင်များအဆက်ဆက်

မင်းမှု့ထမ်းခဲ့ကြကုန်သော ပသီ(တပဿီ)လူမျိုးနှင့် ဗမာ(ဗုရ်မာ)လူမျိုးတို့သည် သွေးစီးညီညွတ်စွာဖြင့် မြန်မာနိုင်ငံ၌ နေထိုင်လာ

ကြလေ၏။

. ကုလားဖြူ၊ကုလားမဲ(ဝါ)ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာဝင်တို့ မြန်မာနိုင်ငံသို့ရောက်ရှိလာခြင်း . နှင့် . ယနေ့ခေတ် မြန်မာ့အတွေး . . သီပေါမင်းတြားကြီးလက်ထက်၌ ဗြိတိသျှကိုလိုနီ နယ်ချဲ့တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက်ရန်အလို့ငှာ

အိန္ဒိယနိုင်ငံ ဟိန္ဒြမြစ်ဝှမ်းမှ ဟိန္ဒူဘာသာဝင်များဖြစ်သော - ဂွရ်ခါး ၊ ခှေါ်တော ၊ မဒ်ဒရာစီ ၊ ပန်ချာဘီ ၊ ချစ်တီး - စသော

စစ်တပ်မဟာကြီးကို ရာထူးများ အခကြေးငွေများပေးပြီး ရေလမ်းခရီးဖြင့် မီးသင်္ဘောများစီးကာ မြန်မာနိုင်ငံသို့ ကူးလာကြကုန်၏။

ယင်းသို့ ကူးလာကြသော ဗြိတိသျှလူမျိုး ခရစ်ယာန်ဘာသာဝင် ကိုလိုနီအင်္ဂလိပ်များကို ကူးလာဖြူ ဟု ခေါ်ပြီး။ အိန္ဒိယ စစ်တပ်မဟာ

မှ ဟိန္ဒူစစ်သားများကို ကူးလာမဲဟု ခေါ်တွင်လေ၏။ ထိုမှတစ်ဆင့် ( ဒီဃသရ ) သရရှည်ကို အသုံးနည်းသော ကျွန်ုပ်တို့သည်

(ရဿသရ) သရတိုဖြင့် - ယင်း ကူးလာဖြူ ၊ ကူးလာမဲတို့ကို ... ကုလားဖြူ ၊ ကုလားမဲ ... ဟုသာ ခေါ်ကြလေတော့၏။

. ဤတွင် သမိုင်းအမှန်ကို မသိသောသူတို့အတွက် 'ကူးလာ(ဝါ)ကုလား' တို့သည် မည်သူတို့ဖြစ်သည်ဟု

ခွဲခွဲခြားခြား သိအပ်ပေ၏။ သို့ပါ၍ အစ္စလာမ်ဘာသာဝင်များဖြစ်သော - ပသီ(တပဿီ)လူမျိုးတို့နှင့် ဗမာ(ဗုရ်ခါနာ > ဗုရ်မာ )

လူမျိုးတို့သည် ကူးလာ(ဝါ) ကုလားများမဟုတ်ကြောင်းကို သိအပ်ပေပြီ ။ သို့သော် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ကူးဝင်လာ

ကြသူများကို ကူးလာများဟု ကျွန်ုပ်တို့မြန်မာလူမျိုးများမှာ မတွေးတောကြပေ။ မြန်မာနိုင်ငံအတွင်း၌ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်သူ

မည်သူ့ကိုမျှ ဒုက္ခမပေးသူများကို ကူးလာဟု မဆိုလိုပါ။ သို့ပါ၍ ယင်းတရုတ်လူမျိုးများထဲတွင် ဟစ်တလာကဲ့သို့ လည်းကောင်း ဗြိတိသျှ

ကိုလိုနီကဲ့သလို့ လည်းကောင်း မြန်မာနိုင်ငံကို သိမ်းပိုက်ရန် အလိုမရှိကြပါ ။ သို့သော် တရုတ်လူမျိုးတို့သည် စီးပွားရေးနယ်ချဲ့ခြင်းဖြင့်

တစ်ကမ္ဘာလုံးကို သိမ်းပိုက်မည့်သူများဖြစ်သည်။ သို့ပါ၍ စာရေးသူ ဤသို့ တေးကျူးလိုက်၏။ ...

. မြန်မာဆင်းရဲသားတွေ x x x x စီးပွားပျက်လို့ x x x x တရုတ်ကြီးကို ကြည့်ကာ ငိုမိသည် x x x ငို ... ငို မိပါသည်။

. (ဤသည်မှာ မူရင်းမြန်မာ့သီချင်းကြီးတစ်ပုဒ်ကို စာသားပြောင်း၍ ကျူးရင့်ခြင်း ဖြစ်ပါတယ်ခင်ဗျာ ။ )

. မူရင်းစာသားမှာ ဤသို့ဖြစ်လေ၏ ....

. ဗမာလူမျိုးတွေ x x x အလုပ်မရှိလို့ x x x တံတားကြီးကို ကြည့်ကာ ငို မိသည် x x x ငို ... ငို မိ ပါသည် ။

. ( ဤသည်မှာ လှေထိုးသားတို့၏ ဘဝပါ တကား ။ )

. . " ဗမာ(ဗုရ်ခါနာ>ဗုရ်မာ) လူမျိုးတို့သည် ကုလား(ဝါ)ကူးလာ-တို့ကို အဘယ်ကြောင့်မုန်းသနည်း ? " . . ဗြိတိသျှကိုလိုနီအိစိုးရသည် မြန်မာနိုင်ငံကို သိမ်းပိုက်စဉ်အခါက မိမိတို့၏ လက်ဖြင့် (ပသီလူမျိုးနှင့်ဗမာလူမျိုး)တို့ကို မနှိပ်စက်ပေ။မြန်မာလူမျိုးနှစ်စု၏ အမုန်းကို မခံယူပေ။ . ကြေးစားစစ်သားများဖြစ်ကြသော ဟိန္ဒြမြစ်ဝှမ်းမှ ဟိန္ဒူစစ်တပ်မဟာကြီးကို အသုံးချကာ(ကြံရည်စုပ်ပိုက်ဖြင့် ကြံရည်စုပ် သကဲ့သို့)မြန်မာနိုင်ငံသားတို့အား ဂုတ်သွေးစုပ်လေတော့၏။ ထို့နောက် မိမိတို့၏ အချုပ်အခြာအာဏာ တည်တံ့စေခြင်းအလို့ငှာ ဘုရင်အဆက်ဆက် ညီညွတ်ခဲ့ကြ/စည်းလုံးခဲ့ကြကုန်သော ဗမာ(ဗုရ်ခါနာ>ဗုရ်မာ)လူမျိုးနှင့် ပသီ(တပဿီ)လူမျိုး-၂-စုတို့အား ရန်တိုက်ပေးလျှင် ... စည်းလုံးညီညွတ်မှု့ပြိုကွဲကာ အိမ်ကြက်ခြင်း ထခွတ်ကြလျှင်ဖြင့် ... ငါတို့ဗြိတိသျှကို ဒင်းတို့လေးတွေ အလွယ်တကူ တွန်းလှန်နိုင်ကြမည် မဟုတ် ဟု(မြေခွေးအကြံဖြင့်) နိုင်ငံရေးလှည့်ကွက်ကြီးကို မြန်မာ့မြေပေါ်၌ ဖန်တီးလေတော့၏။ . (ဤကဲ့သို့ပင် အိန္ဒိယအစ္စလာမ်နှင့် အိန္ဒိယ ဟိန္ဒူတို့အား သွေးခွဲရန်တိုက်ရန်ကြံစည်ပြီး အိန္ဒိယနိုင်ငံကို အုပ်ချုပ်ကာ ဂုတ်သွေးစုပ်ခဲ့လေ၏။စာလေးမည်စိုး၍ အိန္ဒိယသမိုင်းအမှန်ကို ချန်လှပ်ထားခဲ့ပါသည်။) . မြန်မာ့သမိုင်းအမှန်ကို ပြန်ဆက်သော် ဗြိတိသျှတို့သည် ကူးလာမဲ၏ လက်ဖြင့် လယ်ခွန်၊မြေခွန်၊လူခွန်များကို အတင်း အဓမ္မ-တောင်းခဲ့လေတော့၏။ မပေးနိုင်သော ဆင်းရဲသူဆင်းရဲသားများကို အနိုင်ကျင့်၊လယ်မြေတွေကိုသိမ်း၊နွားတွေကိုသိမ်း(ဒီခေတ် လိုဆိုရင်တော့ ဝစ်သောက်ဆိုင်ကယ်တွေ၊ဝစ်သောက်ကားတွေပေါ့ဗျာ ...) စသည်ဖြင့် ရက်စက်ကြမ်းကြုပ်စွာ ပြုမူကြသဖြင့် စာပေ ပညာ မလိုက်စားနိုင်ရှာသော တောင်သူလယ်သမားသူဆင်းရဲသားတို့ခမျာ ... ကုလား(ကူးလာ)ဟု အသံကြားလိုက်လျှင် ဖြင့် တံတွေးထွေးကာ အော့နှလုံးနာ စက်စုတ်ရွံရှာကြလေတော့၏။ ထိုသို့ ခံစားနေရရှာသော သူဆင်းရဲသားများကို ဗြိတိသျှက ဤသို့ သွေးထိုးစကား ဆိုလေ၏ ..... . မောင်မင်းတို့ကို နှိပ်စက်နေတာ တို့ဗြိတိသျှတွေ မဟုတ်ပါဘူးကွယ် ... . အဲ့ဒီ .. ကုလားတွေပေါ့ - ဟု ... အစ္စလာမ်သာသနာကို ကျင့်သုံးကျသော အပြစ်မဲ့ ပသီ(တပဿီ)လူမျိုးတို့၏ဥက္ခောင်းပေါ်မှ(ဘုရားဝတ်ပြုလျှင်ဆောင်းသော)ဗလီဦးထုပ်များကို လက်ညိုးထိုးပြလေတော့၏။ . ဤသို့လျှင် ကျွန်ုပ်တို့ မြန်မာလူမျိုးတို့စိတ်ထဲ၌ အမှားအမှန်ကိုပင် မမြင်နိုင် မတွေးနိုင် သားစဉ်မြေးဆက် အရိုးစွဲအမှတ်သညာတို့ဖြင့် သမိုင်းအမှန် ဆုံးဆုံးမြုပ်ပျောက်ကွယ်ကာ မဲမဲမြင်ရာ အကုန်ဆော်ကွာ ၊ အကုန်သတ်ကွာ - ဟု (ဗမာ+ပသီ)ညီညွတ်ခဲ့လေသမျှ သွေးမြေကျရလေတော့၏။ ဤကဲ့သို့ စည်းလုံးညီညွတ်မှု့ပြိုကွဲသော မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီအစိုးရ၏ လက်အောက်သို့ကျရောက်ကာ သားစဉ်မြေးဆက် ကျွန်ဘဝရောက်ခဲ့ရလေ၏။ သူ့ကျွန်မခံမီရုပ်ရှင်ဇာတ်ကားကြီးသည် ပဿီလူမျိုးများအား လီဆယ်အကောက်ကြံထားသော ဗြိတိသျှကိုလိုနီပလန်များပါဝင်နေ၏ ကုလားမုန်းတီးရေးဝါဒကို အမှန်သရုပ်မပေါ်စေပဲ အစ္စလာမ်မုန်းတီးရေးဝါဒကိုသာ ဖော်ပြနေသည်မှာ ထင်ရှားပါသည်။ . . . " ဗြိတိသျှလက်အောက်မှ လွတ်မြောက်ရန်အတွက် နည်းစနစ်အလွန်ကျနသည့် (နိဒါန်း)တော်ကြီးကို နှစ်ရှည်လများ အပတ်တကုတ်ရေးဆွဲခဲ့သည့် ကြယ်တစ်ပွင့်နှင့်ကြယ်ပွင့်သစ်များသည် မည်သူတို့ပါနည်း ? " . . ဗြိတိသျှကို အမြစ်လှန်တိုက်ထုတ်ဖို့ (ပထမ)ဆုံး အကြောင်းတရားလေးတစ်ခုကို စာရေးသူ သတိပြုမိလိုက်ပါသည်။ မိတ္ထီလာမြို့နေ တိုက်ပိုင် အင်စပိတ်တော် မစ္စတာအေရာမာန်(ခေါ်)ဦးထွန်း နှင့် ဒေါ်ငြိမ်းလှတို့မှ မွေးဖွားသော သားသ္မီး (၁၃)ယောက်အနက် စတုတ္ထမြောက်သားလေးဖြစ်သော မောင်ရာဇတ်-အား မိတ္ထီလာမြို့တွင်-၁၈၉၈-ခုနှစ်၊ဇန်နဝါရီလ(၂ဝ)ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့သည်။ . မိတ္ထီလာမြို့မှ မန္တလေးမြို့သို့ မိသားစုအလုပ်ကိစ္စဖြင့် ပြောင်းရွှေ့လိုက်ပါလာရသော မောင်ရာဇတ်သည် မန္တလေးမြို့ ဝစလီယန် မိန်းကလေးကျောင်းတွင် သူငယ်တန်းမှစလို့ ပညာသင်ကြားခဲ့ရာ စတုတ္ထတန်းအထိ တစ်နှစ်တစ်တန်း မှန်မှန်အောင်မြင် ခဲ့၏။သို့ပါ၍ ဝက်စလီယန်ယောက်ျားလေးကျောင်းသို့ ရွှေ့ပြောင်းသင်ယူစေရာ စာသင်သားများထဲတွင်အလွန်ထူးချွန်သော - မောင်ရာဇတ်-သည် ... ဆရာကြီး မစ္စတာမီး၏ ထောက်ခံချက်ဖြင့် စတုတ္ထတန်းမှ တက္ကသိုလ်ဝင်တန်း(၁ဝ)တန်းသို့ အတန်း ခုန်ကျော်ကာ ဝင်ရောက်ဖြေဆိုခွင့်ရပြီး ယင်းစာမေးပွဲကို ကောင်းစွာ အောင်မြင်လေ၏။ မိဘများက ကိုရာဇတ်-အား ရန်ကုန်မြို့သို့ စေလွှတ်ကာ ကောလိပ်သိပ္ပံကျောင်း၌ ပညာကို ဆက်လက်သင်ယူစေရာ တစ်နှစ်တစ်တန်းမှန်မှန်အောင်ပြီးနောက် ဝိဇ္ဇာတန်း၌ အင်္ဂလိပ်စာဂုဏ်ထူး ဆွတ်ခူးရရှိသဖြင့် အင်္ဂလိပ်စာစီစာကုန်းပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်လေရာ ပထမဆု ရရှိသဖြင့် " ဘိုင်မြား " ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့လေ၏။ (ဦးရာဇတ်၏ သမိုင်းအကျယ်ကို စာလေးမည်စိုးသဖြင့် ချန်လှပ်ခဲ့ပါမည်။ ဖတ်ရှု့လိုပါက U Razak OF Burma: A Teacher , a Leader , a Martyr - စာအုပ်၌ ဖတ်ရှု့လေ့လာကြပါကုန်။) . ဤသို့ဖြင့် ကျောင်းအုပ်ဆရာကြီး ဦးရာဇတ်သည် မိမိ၏ တပည့်များကို အမျိုးသားရေးစိတ်ဓါတ် မြင့်မားအောင် အခါအခွင့် သင့်လျှင် သင့်သလို သွတ်သွင်းပေးရင်း စာပေပညာကိုလည်း သင်ကြားပေးခဲ့လေ၏။ ဗြိတိသျှကိုလိုနီတို့အားတော်လှန်ရန်အတွက် မိမိ၏ တပည့်များကို အမျိုးသားရေးစိတ်ဓါတ်မြင့်မားအောင် အခါအခွင့်သင့်လျှင် သင့်သလို သွတ်သွင်းပေးရင်း စာပေ ပညာတို့ကိုလည်း သင်ကြားပေးလေ၏။ . ဗြိတိသျှ တော်လှန်ရေးအတွက် မိမိ၏ တပည့်များထဲမှ အလွန်သတ္တိရှိသော ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုနု၊ ကိုအောင်ဆန်း၊ကိုရာရှစ် - စသည်တို့အား ရွေးထုတ်၍ တော်လှန်ရေး(ဂိုက်လိုင်း)ကြီးကို စနစ်တကျ ချပြလေတော့၏။ . ဤမျှမက မိမိကိုယ်တိုင်လည်း အသက်စတေးလို့ ဗမာ့လွတ်လပ်ရေး(မြန်မာ့လွတ်လပ်ရေး)အတွက် ပါဝင်လုပ်ဆောင်ခဲ့လေ၏။ ၁၉၄၇-ခုနှစ်၊ဇူလိုင်လ(၁၉)ရက်နေ့၌ ကျောင်းအုပ်ဆရာကြီးဦးရာဇတ်နှင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံ့ခေါင်းဆောင်ကြီးများ လုပ်ကြံခံရလေ၏။ . ထိုနေ့က သွေးအိုင်ထဲ၌ လဲနေသော ကျောင်းအုပ်ဆရာကြီး ဦးရာဇတ်အား တွဲထူဖေးမသောအခါ ... . . " ကျွန်နော်က အရေးမကြီးပါဘူး၊ဗိုလ်ချုပ်နဲ့သခင်မြတို့က အခြေအနေပိုဆိုးပုံရတယ်၊သူတို့ကိုသာဂရုစိုက်ကြပါ"ဟု ပြောသွားရှာလေ၏။ ( တပည့်များနှင့် ဗုရ်မာ+တိုင်းရင်းသားများအပေါ်၌-ချစ်မြတ်နိုးပုံမှာ လေးစားထိုက်ပါဘိ... ) . . သို့သော် ၊ သို့သော် ၊ သို့ပါသော်လည်း ..... ဗြိတိသျှလက်အောက်မှ လွတ်မြောက်လာခဲ့သည်မှာ နှစ်ပေါင်း(--)နှစ်ကျော်ကြာညောင်းခဲ့လေပြီ ... ဒီကနေ့ ဒီအချိန်အထိ သမိုင်းအမှန်ကိုမသိ သော ကျွန်ုပ်တို့မှာ ထစ်ကနဲရှိ ကုလား(ကူးလာ)ဟု ကြိမ်းဝါးကာ ဗြိတိသျှ၏ သွေးထိုးမှု့အောက် အပြစ်မဲ့စွာ ကျရောက်ခဲ့သော အစ္စလာမ်သာ သနာဝင် - ပသီ(တပဿီ)လူမျိုးများဖြစ်သည့် မိမိတို့၏ ညီအကိုများကို မျက်စောင်းလှလှ ထိုးနေမိ လေတော့၏။ထို့ထက်ပိုဆိုးသော ရှုတ်ထွေးမှု မှာ - ယခုခေတ် အိန္ဒိယမှ ဝင်ရောက်လာသော အစ္စလာမ်ယောင်ယောင် ဟိန္ဒူယောင်ယောင် - အိန္ဒိယလူမျိုးတို့၏ ယဉ်ကျေးမှု အဝတ်အစားများ ကို - ဘာသာ/သာသနာ၏ (ယူနီဖွောင်း)များဟု အထင်မှတ်မှားကာ ဝတ်ဆင်မိကြသူ/ဝတ်ဆင်ကြသူတို့သည် ဟိုနားယားယား ဒီနား ယားယား အင်္ကျီရှည်(ကွရ်သာ)ကြီးများ ဝတ်ဆင်ကြသဖြင့် နဂိုကမှ ကုလားမုန်းသော ကျွန်ုပ်တို့မျက်လုံးထဲ၌ မျက်စိစပါးမွှေး စူးလေတော့၏။ . သို့သော် ... ကျွန်ုပ်တို့ အမှန်တကယ် မုန်းတီးသင့်သော ၊ သတ်ပစ်သင့်သော (ဗြိတိသျှကူးလာဖြူ နှင့် အိန္ဒိယ ကူးလာမဲ)တို့မှာ ဒီကနေ့ ဒီအချိန်ထိ သက်ဆိုးမရှည်ခဲ့ပေ။ ဇရာ-မရဏ ၏ အဆုံးစီရင်မှုအောက် အသက်ပျောက်လို့ သင်္ခြိုင်းကုန်းမှာ အရိုးပင် ဆွေးနေလောက် ပေပြီ။ သို့သော် ကိုလိုနီစရိုက်သည် အရိုးမဆွေး ယင်းစနစ်ဆိုးကြီးဖြင့် ကိုလိုနီစရိုက်ကိုပယ် ဟု ခေါင်းစဉ်သာတပ်ထားကြပြီး ယင်းစနစ်ဖြင့်သာ အုပ်ချုပ်ခဲ့ကြသော ခေတ်အဆက်ဆက်စစ်အစိုးရတို့မှာ အဓွန့်ရှည်နေလေ၏ ယနေ့ခေတ်၏ ကြိုးကိုင်အစိုးရသည် မီဒီယာလွတ်လပ်ခွင့်ကို မပေးပဲ ယနေ့အချိန်အထိ ရှိနေပါသည်။ ကုလား ဗမာ အဓိကရုဏ်းဟု ခေါင်းစဉ်တပ်ကာ ဗုရ်မာ+တပဿီ - တို့၏ စည်းလုံးမှုကို ဖြိုခွဲရန် အွန်လိုင်းပေါ်၌ ၎င်း ၊ မြန်မာ့မြေပေါ်၌ ၎င်း- ဖန်တီးကြပေလိမ့်မည်။ . . " မီဒီယာရှု့ဒေါင့် " နှင့် " ဓါးသွားပေါ်က ပြည်သူ့ဘဝ " . .......................................... . .ဒီမိုကရေစီ - ပေးတော့မည် ၊ ပေးတော့မှာပါ ၊ ပေးတော့အံ့ ၊ ပေးပါ့မယ် ၊ ပေးနေပါပြီ ၊ ပေးပြီးပြီ - စသည်ဖြင့် စကားသံများ၏နောက်ကွယ် တွင်ရှိသော မဖြတ်သိမ်းသေးသည့် စစ်အစိုးရ၏ စစ်တပ်မဟာကြီးသည် ရှိနေသေး၏။