User:Arkamh apa/sandbox
[[ frameless ÁŘÁĶÁŇ ]]
- ရခိုင်ပြည်ဒေသသို့ ပထမဆုံး ဝင်ရောက်လာခဲ့သော လူမျိုး
-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-
[edit]အိန္ဒိယပြည်၊ ဥတ္တရပထတိုင်၊ အသိတဉ္စနမြို့နှင့် မဓုရ( မထူရ ) ( သုရသေနမြို့တော် ) ယမုံနာမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိနေသည်။ ထိုမြို့တော်မှာ လူမျိုးတို့သည် ရခိုင်ဒေသသို့ အစောဆုံး ဝင်ရောက်လာသူများ ဖြစ်ရာ ထိုလူမျိုးတို့ကား ဒရာဗီဒီ ယန်လူမျိုးများသာ ဖြစ်သည်။ ထိုလူမျိုးကို ဒြိဗိဒ,ဟု ခေါ်ပြီး၊ ဒြဗိဒ မင်းသားမှ ဆင်းသက်ပေါက်ဖွားလာသူ ခတ္တိယနွယ်ဝင်များ ဖြစ်ပြီး၊ အင်္ဂလိပ်စကားဖြင့် ဒရာဗီဒီယန်လူများသာ ဖြစ်သည်။ ရခိုင်တို့၏ ခေတ်ဦးဒွါရာဝတီ ၊ ခေတ်ဦးဝေသာလီ,တို့နှင့်သာ ဒရာဗီဒီယန်လူမျိုး နဲ့သာ ဆိုင်ပါသည်။
- ဒရာဗီဒီယန်လူမျိုးများအောက်တွင် လူမျိုး ( ၅ )မျိုး ရှိသည်။
၁။ အန္ဓရလူမျိုး ၂။ ကာရ်နာတက္ကလူမျိုး ၃။ ဂူဂျာရာလူမျိုး ၄။ တိလိင်္ဂလူမျိုး ၅။ မဟာရာသျှတြလူမျိုး,တို့ ဖြစ်ပါသည်။
- ဒရာဗီဒီယန်လူမျိုးတို့တွင် စကား ဘာသာ ( ၅ )မျိုး ရှိသည်။
၁။ တမီးလျဘာသာစကား ၂။ တလေဂူဘာသာစကား ၃။ ကနာရီဘာသာစကား ၄။ မာလာယာဘာသာစကား ၅။ တူလုဘာသာစကား,များ ဖြစ်သည်။
- ဒရာဗီဒီယန်လူမျိုးတို့၏ လူမျိုးပွား
၁။ ယဓု( ခေါ် )ယာဒေဝလူမျိုး။ ၂။ ယောဒေယျ( ခေါ် )ယာဒဝလူမျိုး။ ၃။ ယဒုလူမျိုး။ ၄။ သတဝတ္တလူမျိုး။ ၅။ ကုရုလူမျိုး။ ၆။ ဗြိသျှနိလူမျိုး။ ၇။ သုရသေနလူမျိုး။ ၈။ အန္ဓရလူမျိုး။ ၉။ ကာရ်နာတက္ကလူမျိုး။ ၁၀။ ဂူဂျာရာလူမျိုး။ ၁၁။ တိလိင်္ဂလူမျိုး။ ၁၂။ မဟာရာသျှတြလူမျိုး,တို့ ဖြစ်ကြသည်။
- ကုရုလူမျိုး
ကုရုလူမျိုးတို့သည် အာရီယန်လူမျိုးတို့နှင့် သွေးနောကာ အာရီယယန်ကျေးမှုကို လုံးဝဥဿုံလက်ခံကျင့်သုံးသွားခဲ့ကြပြီး၊ ကုရု-ပဉ္စာလ အုပ်ချုပ်သူများ ဖြစ်သွားခဲ့ကြသည်။
- ဗြိသျှနိလူမျိုး
ဗြိသျှနိလူမျိုးတို့သည် အာရီယန်တို့၏ သွေးနောမှုကို အသတကြည် လက်မခံ ဆန့်ကျင် အာခံမှုပြုခဲ့သောကြောင့် အာရီယန်တို့၏ ချေမှုန်းခြင်းကို ခံခဲ့ရသဖြင့် တိမ်ရှောင် ထွက်ပြေး သွားခဲ့ကြသည်။
- ရခိုင်ရာဇဝင်လာ ဘီလူး
ငရက္ခိုက်၊ ရက္ခနီ၊ ရက္ခိုက်၊ ရက္ခိသ်၊ ရက္ခသျှလူမျိုးတို့၏ ရှေးဦး လူများသည့် ဘီစီ( 4000 )ပတ်ဝန်းကျင်က ကမ္ဘာအရှေ့ရင်း ဒေသ အလွန်ဖွံ့ဖြို့သော ယဉ်ကျေးမှုကို ထူထောင်ခဲ့ကြသူ ယူရိုပွိုက်လူမျိုးကြီးဝင် အသားအနည်းငယ်မဲသော သူများသာ ဖြစ်ကြပါသည်။
- သတိထားရန်
ဘီစီ( 5 )ရာစုတွင် ဖွဲဆိုသည်ဟု ယူဆကြသော ဇာတ်တော်ကျမ်း ( epis-ရာမယန ၊ မဟာဘာရတ )ကျမ်းများအရ အာရီယန်တို့ ပိုင်စိုးသော ကုရု-ပဉ္စာလဒေသကို အာရီယန်မဟုတ်သော နိုင်ငံများ ပတ်ပတ်လည်ဝိုင်းလျက် ရှိနေသေးကြောင်းကို ဖော်ပြထားသည်ကို တွေရမည်သာ ဖြစ်သည်။ ယင်းအနက် အရေးပါသော လူမျိုး ( ၅ )မျိုး ၊ လူမျိုးစု ( ၅ )စု,ကိုလည်း ဖော်ပြထားသည်။
- လူမျိုး ( ၅ )မျိုး
၁။ နိသာဓလူမျိုး ၂။ နာဂလူမျိုး ၃။ ရက္ခသျှလူမျိုး ၄။ ဝါနရလူမျိုး ၅။ ဂန္ဓဗ္ဗလူမျိုး,တို့ ဖြစ်ကြသည်။
ဤသည်ကား ရခိုင်ဒေသ ခေတ်ဦးဒွါရာဝတီ ခေတ်ဦးဝေသာလီ,တို့သည် ခတ္တိယနွယ်ဝင် ဒရာဗီဒီယန်လူမျိုးများနှင့်သာ သက်ဆိုင်သည်။
- မှတ်ချက်
ရခိုင်ဒေသသို့ လူမျိုးများသည် ၃-ကြိမ် ၃-ခါ ဝင်ရောက်ခဲ့ရာ ရခိုင်တို့၏ ဓညဝတီခေတ်တွင် သကျသာကီဝင်များနဲ့သာ သက်ဆိုင်လာသည်။
- ထပ်ဆင့် မှတ်ချက်
ခေတ်ဦးရခိုင် သမိုင်းဆောင်းပါးများ နီမင်းသျှင်( စစ်တွေ ) 2019-ခု ၊ ဇွန်ထုတ် စာအုပ်က ကောက်နှုတ် ရေးသားလိုက်သည်။ Crd : Love Arakan Music