User:Akarphyoe
သျှင်ဒိသာပါမောက်္ခကျောက်စာ တစ် နှစ်
အာကာဖြိုး (ကံပေါက်)
အတွဲ (၁)
The Disapramuk stone inscription now stands as one of the collection of stone inscriptions at the Pagan Museum but originally if belongs to the Mingala Zedi of Pagan and a photogravure of its rubbing has been published as Plate 271 in portfolio two of Inscriptions of Burma ( Tin & Luce, London, 1936 ). The historical information that we get from this inscription is new to our knowledge of the Mongol invasion of Burma at the end of the 13th century. It enables us to correct the story given in the Chinese sources on that particular aspect. Therefore we would like to give the story as found in the chronicles on Burma-China relations on the eve of the Mongol invasion that terminated the reign of King Narathihapati (1254-1287) who is now called as Tayoke Pyay Min- the king who fled from the Chinese.
ယခုလက်ရှိ ပုဂံပြတိုက် အတွင်းတွင် Plate - 271 အဖြစ် မင်ကူး၍ စာအိတ်- အတွင်း အခြားကျောက်စာနှစ်ခုနှင့် အတူ ထိန်းသိမ်းထားသော သျှင်ဒိသာ ပါမောက္ခ ကျောက်စာ (မူလ- မင်္ဂလာစေတီ၊ပုဂံ) တွေ့ရသည် ။ (တင်၊လု့စ်၊ လန်ဒန်၊၁၉၃၆) ။ -ဤကျောက်စာမှ ၁၃ ရာစုအတွင်း မြန်မာနိုင်ငံ ကိုမွန်ဂိုတို့ ကျူးကျော်ခဲ့သော အဖြစ်ကို သိရပါသည် ။ တရုတ်မှတ်တမ်း - များနှင့် တိုက်ဆိုင် -စစ်ဆေး၍ သမိုင်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်မှန်ကို ကျွန်ုပ်တို့ ပြင်ဆင် -ပေးနိုင်ပါသည် ။ ထို့ကြောင့် - ပထမဦးစွာ မြန်မာ့ -ရာဇဝင် ကျမ်းများထဲတွင် တွေ့ရသော နရသီဟပတေ့မင်း -( တရုတ်ပြေးမင်း ) အေဒီ ၁၂၅၄-၁၂၈၇ လက်ထက် မွန်ဂိုကျူးကျော်စစ် ၏ အဖြစ်အပျက် များကို မှတ်တမ်းတင်ထား မှုကိုဦးစွာဖော်ပြပေးပါမည် ။
Kala complied the great Chronicle of Burmese Kings from the earliest time to 1714 and the Mhannan Yuzawin was complied by the History Committee appointed by the King in 1829 and both these chronicles give the following story. မြန်မာ့ အစောဆုံး ရာဇဝင်ကျမ်း ဖြစ်သော ဦးကုလားမဟာရာဇဝင် (၁၇၁၄) နှင့် ဘုရင့်အမိန့်နှင့်အဖွဲ့ လိုက်ရေးသော မှန်နန်းရာဇဝင် (၁၈၂၉) တွင် အောက်ပါအတိုင်းဖော်ပြထား ပါသည် ။ In Sakkaraj 634 ( A.D. 1281 ) a Talaing called Wagaru made himself Lord of Martaban by assassinating the ( Burmese Governor ) Alainma. In that same year Tayoke U Ti Bwa sent an Envoy of ten officers and 1,000 horsemen to demand tribute consisting of gold rice pot, gold pot for cooking by steam, silver pot for cooking by steam, gold spoon-like ladle, silver spoon-like ladle, gold cup-like ladle and silver cup-like ladle, as King Anawratha of Pagan had done before. Some records say that they came to ask for a white elephant. When the King granted the Envoys an Audience, they did not do the proper kowtow in his presence. The King ordered them to be executed by saying: “ let not even one of them escape “ . Minister Ananda Picci remonstrated: “ Your Majesty, we should rather report this disrespect of the Envoys to Tayoke U Ti Bwa than execute them which is unusual with the way of Kings “. But the King would not hear of it. “ Their behaviour is intolerable “ he said and that was final. All of them were executed. Not one of them was spared. When Tayoke U Ti Bwa heard of it he was exceedingly angry and he sent an army of 6,000,000 horse and 20,000,000 men. King Narathihapati sent General Anatapicci and Yantapicci with 400,000 men to stop the invaders. They came to Ngasaunggyan ( on the opposite of Bhamo ) and made it strong with wall and moat. Then they tried to stop the enemies who tried to cross ( the Irrawaddy river ) from Bhamo. For three months they killed everyone including attendants employed in feeding elephants and horses who came up their side of the river. Wave after wave of U Ti Bwa’s men came. When 100,000 men were killed, 200,000 men came. When 200,000 men were killed, 400,000 men came and it went on like this. From sheer exhaustion the Burmans could do nothing at last and the enemy finally succeeded in crossing over the river and Ngasaunggyan fell. သက္ကရာဇ်- ၆၃၄(အေဒီ ၁၂၈၁) တွင် နိုင်ငံတော် ဖြစ်သော မုတ္တမကို စားသော အလိမ္မာ-အမတ်ကို မွန်(တလိုင်း) ဝါရီရူ လုပ်ကြံ၍မင်းပြုလေသည် ။ ထိုသက္ကရာဇ်တွင် တရုတ် ဥတည်ဘွားက ရွှေ-ထမင်းအိုး
၊ ရွှေပေါင်းချောင် ၊ ငွေပေါင်းချောင် ၊ရွှေယောက်မ ၊ ငွေ ယောက်မ ၊ ရွှေဟင်းချို ၊ ငွေဟင်းချို -အနော်ရထာမင်းစော ဆက်ဖူးသည်ဟူ၍ အမတ်တကျိတ်နှင့် မြင်းသည် - တစ်ထောင် တို့ကိုစေ၍ -တောင်းလာ သည် ။ အချို့ရာဇဝင်မှာ ဆင်ဖြူတောင်းလာသည် ဟု၍လည်းဆိုသည် ။တောင်းလာသော - တရုတ်သံတို့သည်လည်း မင်းရှေ့တွင်မကော်မရော် မကျစ်မလစ်ပြုချေ၏ ။ အမတ်တစ်ကျိတ်နှင့် မြင်းသည်-တစ်ထောင်ကို မလွတ်သတ်လေဟုအမိန့်ရှိလေသည် ။ ထိုအခါအနန္တပစ္စည်းအမတ်ဤသို့နားတော်လျောက်၏ ။ " ဘုန်းကြီးသောဘုရား တရုတ်ဥတည် ဘွား သံတို့သည် ရာဇဝတ်၌ မလိမ္မာမချေငံကျင့် မိလေမှတ်သား၍ ဥတည်ဘွား သို့စေတော် မူသင့်သည် ။ သည်းခံ၍ ပြည်ရေးပြည်ရွာမှုကို- ပြေလည်အောင် မိန့်တော်မူ သင့်လည်းမိန့်ရမည် ။ မင်းအဆက်ဆက် တို့သည် သံတမန်ကို သတ်သော ထုံးစံ မရှိ ။ သည်းခံတော်မူမှ သင့်မည်ဟူ၍ - နားတော်လျောက်၏ ။ မင်းကြီးလည်း ငါသို့သောမင်းကြီး ကို မခံ့မရည်းကျင့်သည် သတ်လေဟုမိန့်တော်မူလိုက်သည် ။ အမတ်တို့လည်း -မင်းကြီး အာဏာတော်ကို ကြောက်၍တစ်ယောက်မလွတ် သတ်လေသည် ။ သံတို့အားသတ်လေသော အကြောင်းကို ဥတည်ဘွားကြားလေ လျှင်အမျက်ပြင်းစွာထွက်၍ မြင်းသည် ခြောက်သန်းခြေသည် နှစ်ကုဋေမျှ လောက်သော စစ်အင်္ဂါတို့ကို စီရင်၍ ချီလာရ၏ ။ တရုတ်ဥတည်ဘွား စစ်သည်တို့ ချီလာပြီ ဟူ၍ နရသီဟပတေ့ ကြားတော်မူသော် စစ်သူကြီးအနန္တ ပစ္စည်း ၊ ရန္တပစ္စည်း တို့ကို သူရဲ - လေးသိန်း ၊ ဆင်လုံး မြင်းရင်း အများပေး၍ ချီလာသော တရုတ်စစ်သည် တို့ကို ဆီးဆို့တိုက် ရမည် ဟုချီစေ၏ ။ စစ်သူကြီးလေးယောက် တို့လည်းချီစေ၍ ငဆောင်ချမ်းမြို့သို့ရောက် လျှင် မြို့ပြ ကျုံးမြောင်း ကောင်းမွန်အောင် ပြင်ဆင်လုပ် ဆောင်၍ ဗန်းမော် မြစ်ကူးကတိုက်သည်။ သုံးလတိုင်တိုင်ဆင်ကံကျွေး ၊ မြင်းကံ ကျွေးမျှ မလွတ်ရအောင် သတ်သည်ဖြစ်၍ သေလေသည်ကိုလည်းတရုတ် ဥတည်ဘွားက တစ်သိန်းကုန် လျှင် နှစ်သိန်း ၊ နှစ်သိန်း-ကုန်လျှင် လေးသိန်းထပ်လောင်းလာ၍ ပင်ပန်းလာကာ တရုတ်တို့ မြစ်ကိုကူးမိလျှင် ငဆောင်ချမ်းပျက်လေသည် ။
The King called a ( war ) council and said: “ Pagan is small. The walls are low. It could not keep a strong force to do the defensive for long. Let us make fortification starting from Badin on the north upstream down to Ywatha. Enough stones and bricks could not be made in time. Pull down pagodas, temples and monasteries for bricks “. In this way 1,000 big temples, 10,000 small temples and 300 brick monasteries were destroyed. Then in one of the big temples the Prophecy of Anonyaza written on a red copper plate was found. It stated that Pagan would be destroyed at the time of king father of Twins. A check was made and one of the concubines did really have twins. The King realized that his effort to put a stand against the Tayoke was futile. He decided to flee down the river. So a fleet was mustered. On 1,000 boats were put the palace treasure; 1,000 cargo boats carried paddy; 1,000 boats of speed travel carried the king’s harem. No more boats were available to carry the servant women. “ Bind their legs and limbs and drown them “ was the Order but through the interception of the Royal Preceptor, these women escaped death. Monks and men were allowed to take their choice of these three hundred women.
မင်းကြီးလည်း မှူးတော် မတ်တော် တို့ကို ခေါ်၍ တိုင်ပင် တော်မူ၏ ။ ယခုပုဂံမြို့ သည် မြို့လည်း ကျဉ်းလှသည် ၊ မြို့စောက်လည်း နိမ့်သည် ၊ သူရဲ ဗိုလ်ပါ ဆင်လုံးမြင်းရင်း နေ၍မခံသာ ဖြစ်သည် ။ အရှေ့မြစ် သာ ပထင်းရွာကသည် တောင်ကိုအဖြောင့် သွား၍ ရွာသာမြို့ကို အတွင်းသွင်းပြီးသော် ခိုင်လုံအောင်မြို့တည်မည် ငါအကြံရှိသည် ။ ယခု အုတ်ကျောက် အလျင်မရသာ ဖြစ်သော ကြောင့် ဘုရား ဂူကျောင်းကို ဖျက်၍ အုတ်ကိုယူမှ အလျင်ပြီး လွယ်မည်ဟု အမိန့်တော်ရှိ၍ ဖျက်လေသည်ကား ဂူကြီး တစ်ထောင် ၊ဂူငယ် - တစ်သောင်း ၊ ကုလား ကျောင်း-သုံးထောင် ပျက်သောဟူ၏ ။ ထိုသ်ို့ဖျက်ရာတွင် ဂူကြီး တစ်လုံး ၌ကြေးနီပုရပိုက်နှင့် အနုံရာဇသိုက် ရ၍ဖတ်စေသော် ပုဂံပြည်တွင် သားမွှာဘ - လက်ထက် တရုတ်ဖျက်၍ ပျက်လတ္တံ့ ဟု စာတွင်ပါသော ကြောင့် ကိုယ်လုပ်တော်တို့ကို မေးစစ်သော် ကိုယ်လုပ်တော် - ငယ်တွင် သားမြွှာဖွားကြောင်း သိရလေ၏ ။ မင်းကြီးလည်း မြို့တည်လုပ်၍ ခံသော် လည်း မခံနိုင်ရာချေ ဟု ရဲလှေသမ္ဗန် တိုက်လှေကြီး တစ်ထောင်တို့ ကိုပြင်ဆင် စေ၍ ရွှေငွေ အစရှိသော ဘဏ္ဍာ အပေါင်း တို့ ကိုတင်စေ၏ ။ ကုန်လှေ တစ်ထောင်တို့ကိုစပါးတင်စေ၏ ။ လှော်ကားကျော့လှေတစ်ထောင်၌ မှူးမတ်အပေါင်းကိုစီးစေ၏ ။ ရွှေလှော်ကားတစ်ထောင်၌ မောင်းမ မိဿံ မင်းထိန်း မင်းယတို့ ကိုစီးစေ၏ ။ လူများ ၍မစီးသာ ရှိလျှင်အတွင်း စေ မိန်းမတို့ကို အလွတ်ပစ်ထားခဲ့လျှင် တရုတ်တို့ယူမည် ဖြစ်၍ခြေနှင့်လက်ကို တုပ်ပြီးလျှင် ရေမှာပစ်လေဟုမိန့်တော်မူ၏ ။ ဆရာတော် မဟာထေရ်က နောင်လာလတ္တံ့သော မင်း တို့အစဉ်ဆိုချင်စရာဥဒါန်းမော်ကွန်း မဖြစ်လေအောင် လှေတွင်မဆံ့ သမျှသော အတွင်း စေမိန်းမတို့ကို ရဟန်းရှင်လူမည်သူမဆို အလိုရှိသူ ယူပစေဟု ခွင့်ပြုတော်မူလျှင် အသက်အလှူကိုပြုရာ ရောက်သည် ဟုဆိုသည်။ မင်းကြီးလည်းဟုတ်လှပေသည် ဟု သုံးရာသော အတွင်းစေ မိန်းမတို့ကိုလွှတ်၏ ။
The King got on board the Golden Barge and went to Bassein of the Talaing Land. General Anantapicci and Yantapicci made another stand at Male by putting up two fortifications on the east of the foot of a range. These two generals possessed some supernatural power of jumping very high and so they jumped into a crowd of enemies to kill and to escape easily. Even then Anatapicci was killed and Yantapicci made an orderly retreat to Pagan where he found that King had fled. He followed the king to Bassein. The invaders came after him as far as Tayoke Hmyaw and finally they gave the chase because of the scarcity of food. So the king earned the name Tayokepyay- He who fled from the Tayokes. (Mnannan, I, 1967 Reprint, pp351-4).
မင်းကြီးလည်း ရတနာ ရွှေဖောင်စီး၍ တလိုင်း ၊ မွန် ၊ ပုသိမ် သို့စုန်တော်မူလေ၏။ စစ်သူကြီး အနန္တပစ္စည်း ၊ရန္တပစ္စည်း တို့ လည်း ငဆောင်ချမ်း ပျက်လျှင်ဆုတ်ခဲ့၍ မလည်တောင်ယံ အရှေ့၌ မြို့နှစ်မြို့ တည်၍ ခံပြန်လေ၏ ။ စစ်သူကြီးနှစ်ယောက်တို့ သည် ပြဒါးသေငုံပြီး သော် ကောင်းကင်သို့ နှစ်ဆယ့်ငါးတောင် နှစ်ဆယ့်ခြောက်တောင် တိုင်အောင်ခုန်၍ တရုတ်တို့ကိုလုပ်ကြံကြသည် ။ ထိုသို့လုပ်ကြံရာတွင် အနန္တပစ္စည်းကို နတ်ချင်းပစ်သော မြားသင့်သဖြင့် ကောင်းကင်က ကျ၍ ရှုံးချေ၏ ။ ယင်းသို့လျှင် တရုတ်တို့ ကလည်း ဗိုလ်ပါများ လှသောကြောင့် အောင်ခြင်းသို့မရောက်နိုင်ချေ ။ ပျက်ပြန်၏ ။ တရုတ်တို့ ကလည်း အမီပင်ထပ်၍ လိုက်လာသည် ။ စစ်သူကြီးတို့လည်း ဗိုလ်ပါအရုံးအစု မပျက်အောင် အုပ်ချုပ်၍ပြန်ခဲ့သည် ။ ပုဂံသို့ရောက် သော် မင်း အစရှိသော တစ်ပြည်လုံး မွန်ပြည်သို့ အလွတ်ခွာ၍ ပြေးလေပြီဖြစ်သော ကြောင့်ပုသိမ်သို့ လိုက်လေသည် ။တရုတ်တို့လည်း ထပ်၍လိုက်သည် ။ တရုတ်မော် သို့ရောက်လျှင် ခရီးမြေတာဝေးသည် နှင့် စစ်သည်ဗိုလ်ပါ များလှသော ကြောင့် အစား အသောက် စွန့်ပါး၍ ပြန်လေသည် ။ သက္ကရာဇ် ခြောက်ရာ လေးဆယ့်ခြောက်ခုရောက်သောအခါ ပြည့်နက္ခတ် သတ္တဗီသမပြည့်ခင် နှစ်ပါဒ်ကြွင်း၌ နရသီဟပတေ့ မင်းကြီးသည် တရုတ်ကိုေ ကြာက်၍ ပြေးသည် ။ ထို့ကြောင့် နရသီဟပတေ့ မင်းကြီးကို တရုတ်ပြေးမင်းဟု ခေါ်တွင်လေသည် ။(မှန်နန်း ၊ ၁ ၊ ၁၉၆၇ )။ The Chinese version summed up from various Chinese sources by late Professor G.H. Luce (see Luce; “ The Early Siam in Burmese History “ JSS., XLVI, ii, November 1958, pp. 123-172 ) is as follows: တရုတ်မှတ်တမ်းများစွာ ကိုစုစည်း၍ အကျဉ်းချုပ်ဖော်ပြထားသော မွန်ဂိုတို့၏ ပုဂံအပေါ် ကျူးကျော်စစ်ဆင်နွဲရပုံ။ ပါမောက္ခ G.H.Luce ( Luce; “ The Early Siam in Burmese History “ JSS., XLVI, ii, November 1958, pp. 123-172 ) ။ It was not difficult for the Pai-I to induce the Yunnan government, 1271, to send an envoy to the Pagan court demanding submission. ( Another envoy was sent ) in 1273, with an imperial letter threatening invasion. ( They never returned to Yunnan ). In 1276, Yunnan reports; “ We have sent persons to discover news of the ambassadors, but the P’u rebels blocked the way. Now the P’u have mostly submitted and the road is already open. The person we sent has found out those ambassadors all reached Mien Safely. ( In 1277 the Burmese came to attack A-ho but after two days fighting they were repulsed). What is chiefly striking about the raid is attempting it. ယူနန်အစိုးရမှ ပိုင်အိ ( Pai-I ) ကိုတိုက်တွန်း၍ ၁၂၇၁တွင် (၁၂၇၃တွင် နောက် တစ်ဖွဲ့စေလွှတ် ) ပုဂံသို့ သံအဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ ရာတွင်ပဏ္ဍာဆက်စေရန် ခြိမ်းချောက်၍ စတင်ထိပါး ခဲ့သည် ။ (ထိုသံအဖွဲ့သည် ယူနန် သို့ပြန်လည်ရောက်ရှိလာ ခြင်းမရှိပါ ) ။ ၁၂၇၆ ယူနန်မှတ်တမ်း များအရ “ ကျွန်ုပ်တို့လူလွှတ်၍ သံ အဖွဲ့၏သတင်းကိုစုံစမ်းစေသော် လည်း ပု (P'u)သူပုန်တို့ ကတားဆီးသော်ငြား နောင်တွင်ကျွန်ုပ်တို့ထံအ ညံ့ခံ၍ မတားဆီးတော့ချေ ။ လွှတ်လိုက်သောအဖွဲ့သည် ခရီးဆက်ရာ မြန်မာ (Mien) တို့ထံအရောက်တွင် ထိုသံအဖွဲ့ဘေးကင်းစွာ ရောက်ရှိကြောင်း သိရသည် ။ (၁၂၇၇ တွင် မြန်မာတို့က အဟို (A-ho) ကိုနှစ်ရက် အကြာလာရောက် တိုက်ခိုက်ခဲ့သည် ။ မအောင်မြင်ပဲနှင့် မည်သို့ အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်မှုကို ဖန် တီးသည့်ခေါင်းဆောင်ပေလဲ ။ They should have known what a terrible enemy they were bound to provoke. The Mongols were not slow to react. In ( Nov-Dec ) 1277 Yunnan province sent Nasir ed-Din, Comforter and Commander in Chief of the various Roads of Yunnan, at the head of over 3,840 men, consisting of Mongols, Ts’uan, P’o and Mo-so, to invade Mien. ( He ) obtained the submission of over 300 stockades and (36,200 households ). On account of the hot weather the army was withdrawn… Nasir re-Din (perhaps reached Ngasaunggyan). It does not seem likely that he took it… For his army Nasir ed-Din had to rely mostly on Yunnanese levies. But both he and the Emperor realized that more troops were needed to effect the conquest of Burma. They were not available till the autumn of 1283. On September 22nd of that year the army, the size of which we do not know, marched from Yunnan Fu.. On November 7th it reached Nan-tien. Here it divided into three parts. T’ai-pu proceed at once by the longer route via lo-pi itaties ( Mong Hum). On November 22nd , Yagan-tigin left the A-his (Nam Ti) and A-ho ( Ta-p’ing ) route, through Chen-his (Kan-yai) with orders to build 200 boats so as to command the river at Chiang-t’ou. The Commander in Chief, Prince Sangqudar, followed the p’iao-tien route north of the Ta-p’ing. On December 3rd, proceeding by different routes, they fought ( I imagine it is not mentioned in the Chinese 0 the fatal battle of ( Ngasaunggyan). အလွန်ဆိုးဝါးသော ရန်စခြင်းကိုပြုမူ လိုက်သည်ကို ၎င်းတို့နားလည်သင့်သည် ။ မွန်ဂိုတို့ကပြန်လည် လက် တုန့်ပြန်ရန်နှေးကွေးနေလေ့ရှိသော လူစားမျိုးမဟုတ်ပါ ။ ၁၂၇၇ ခုနှစ်နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း Mongols,Ts’uan, P’o and Mo-so လူမျိုးစုတို့ နှင့် အတူ ယူနန်ပြင်ပ ဒေသရှိ အိမ်ခြေယာခြေ အတည် နေလေ့ မရှိသောသူ ၃၈၅၀ယောက် ကို စည်းရုံးအုပ်ချုပ် ထားသော စစ်သေနာပတိ နာဆရီဒင် (Na sir ed-Din) ကိုစေလွှတ်၍မြန်မာ(Mien) နိုင်ငံကိုထိပါး တိုက်ခိုက် စေခဲ့သည် ။ သူသည် သစ်လုံးခံတပ် ၃၀၀ နှင့်အိမ်ထောင်စုပေါင်း ၃၆၂၀၀ ကိုကွပ်ကဲခွင့်ရှိသည် ။ ရာသီဥတုကြောင့် ငဆောင်ချမ်း သို့ရောက်သော် ငြားလည်း တပ်ဖွဲ့ကို - ဆုတ်ခွာခဲ့ရသည်ဆို၏ ။ ငဆောင်ချမ်းသို့ရောက် ဟန်လည်းမတူပေ ။ နာဆရီဒင် ပိုင်သော - စစ်တပ်ပေါ်တွင် ယူနန်လူမျိုးတို့၏ အသက်များစွာတို့ တည်နေပါသည် ။ သို့သော်လည်း သူ နှင့်တကွ တရုတ် -ဧကရာဇ်တို့မှာ မြန်မာပြည်ကို အောင်မြင်စွာတိုက်ခိုက်ဖို့ ဆိုလျှင် မြောက်မြားစွာသော စစ်သည်အင်အား လိုအပ်မည်ကိုနားလည်ထားကြပါသည်။ ၁၂၈၃ ခုနှစ်၏ ဆောင်းဦးရာသီတိုင် အင်အား စုစည်းရန် မဖြစ်နိုင်သေးပေ ။ ၁၂၈၃ ခုနှစ်စက်တင်ဘာလတွင်အင်အားမည်မျှ ရှိမည်ကို မခန့်မှန်းနိုင်သော စစ်တပ်ကြီး ယူနန်မှ ရောက်လာခဲ့သည် ။ နိုဝင်ဘာလ ၇ ရက်နေ့ -တွင် (Nan-tien) သို့ ရောက်ရှိသည် ။ ၎င်းကိုအပိုင်း သုံးပိုင်းခွဲ ပြီး( T’ai pu ) မှသတ်မှတ်ထားသော လမ်းကြောင်းအတိုင်းချီကာ (lo-pi itaties) မှတဆင့် ( Mong Hum) သို့ ။ ထို့နောက် နိုဝင်ဘာ ၂၂ တွင်( Yagan-tigin )ကိုကျော်၍ (A-his (Nam Ti) and A-ho ( Ta-p’ing ) ) -လမ်းကြောင်း အတိုင်း ။ (Chen-(Kan-yai)) ကိုကျော်ဖြတ်ကာ လှေ ၂၀၀ ကို တည်ဆောက်လျက် (Chiang-t’ou) မြစ်ကို ဖြတ်သန်း ခဲ့ကြ သည် ။- ခေါင်းဆောင်သူမင်းသား( Prince - Sangqudar) သည် (Ta-p’ing) ၏ မြောက်ဖက် ( p’iao-tien) လမ်းကြောင်းအတိုင်း ချီလာပြန်၏ ။ ဒီဇင် ဘာလ ၃ ရက်နေ့တွင် လမ်းကြောင်းများစွာ မှ ချီလာသော စစ်ကြောင်းတို့ ပေါင်းစည်းပြီး စတင်တိုက်ခိုက် ခဲ့ ကြပါတော့ သည် ။ ( ကျွန်တော့ အမြင်ကား ၎င်းတို့သည် ငဆောင်ချမ်း စစ်ပွဲကိုဆိုးဆိုးဝါးဝါး တိုက်ရလိမ့် မည် ဟု ရည်ရွယ်ထားဟန် မရှိပါ )။ On December 9th they captured Chiang-t’ou city, killing over 1,000 men in the fighting.” They “took prisoner 10,000 of its keenest soldiers. “ The first report sent with a map to the Emperor, arrived on February 5th 1284. it says that they had sent envoys to deliver a summons to the king of Mien, but there was no reply………The Pagan Burmans called their invaders Taruk, presumably because (apart from local levies ) Turkic tribes formed the majority in the Mongol armies. The Pagan Burmans did not yield easily. On May 10th 1284, we read: “ Quduq Tamar’s army for the invasion of Mien encountered the rebels and was routed. “ Reinforcements had to be sent. On August 26th 1285, Yunnan report; “ This year we have not yet had time to invade Mien” … In this year 1285, King ( Narathihapati ) decided to submit, in orer to avert a new invasion.
ဒီဇင်ဘာလ ၉ ရက်နေ့တွင်( Chiang-t’ou ) မြို့ကိုသိမ်းယူပြီး တိုက်ပွဲအတွင်း မှာ လူပေါင်း ၁၀၀၀ ကျော်
ကို နှိမ်နင်းသတ်ဖြတ်ခဲ့ သည် ။ စစ်သည်တို့ သဘောကျသော သုံ့ပန်းပေါင်း ၁၀၀၀၀ ကိုဖမ်းခေါ်ခဲ့သည် ။ တရုတ် ဧကရာဇ်ထံသို့ ပထမဆုံး အစီရင်ခံစာကို ပေးပို့ရာ ၁၂၈၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင်ရောက် သည် ။ ဤအစီရင်ခံစာ တွင် မြန်မာ ဘုရင်ထံသို့ သမ္ဗန်စာပေးပို့ခဲ့သော်လည်း အကြောင်းမပြန်ကြောင်း ၊ ပုဂံရှိ မြန်မာလုမျိုးတို့က ၎င်းတို့အား ကျူးကျော်သူများကို တရုတ်ဟု ခေါ်ကြောင်း ၊ ဖြစ်နိုင်သည်မှာ ဒေသ ကွာခြားမှုကြောင့် ဖြစ်မည် ထင်ကြောင်း တို့ပါဝင်သည် ။ မွန်ဂိုတပ်မတော်တွင် အများစုအဖြစ် တူရကီ မျိုး နွယ်စုများ ဖွဲ့စည်းပါရှိပါသည် ။ ပုဂံနေပြည်တော်သည် အလွယ်တကူ အလျော့မပေးခဲ့ပါ ။ ၁၂၈၄ မေလ ၁၀ ရက်နေ့တွင် Quduq Tamar ၏ တပ်များနှင့် မြန်မာတို့ ရင်ဆိုင် တိုက်ပွဲဖြစ်ရာ သူပုန်တို့-ကိုအပြီးအပိုင် ချေမှုန်းနိုင်ခဲ့သည် ။ စစ်ကူလည်း စေလွှတ်ပေးခဲ့သည် ။ ၁၂၈၅ သြဂုတ်လ ၂၆ ရက်နေ့ ၊ ယူနန် - အစီရင်ခံ စာ တွင် မြန်မာတို့ကို နှိမ်နင်းဖို့ဒီနှစ် တစ်နှစ်လုံးအချိန်ယူလို့ မဖြစ်ပါဘူးဟူ၍ဖြစ်သည် ။ The peace mission sent by the Burmese King is recorded in the Disapramuk inscription. But before we go on with this peace mission, I would like to quote here what an inscription we find at Minnanthu ( P1.227 of Inscriptions of Burma ) says:
မြန်မာဘုရင်မှ ငြိမ်းချမ်းရေး အဖွဲ့ကို -စေလွှတ်ရာ ဒိသာပါမောက္ခ ကျောက်စာတွင်ရေးထိုး မှတ်တမ်းတင်ခဲ့
ပါသည် ။ဒါပေမယ့် ထိုခရီးစဉ်အကြောင်းမဆက်မီ မင်းနန်သူတွင် ကျွန်တော်တို့ရှာတွေ့ထားသောကျောက် စာကိုကိုးကား ကြည့်ချင်ပါ သေးသည် ။
In the year 1278, the great minister called Aindapitsaya made preparations to construct a monastery for the thera because the thera of the Most Reverend Mahakassapa’s establishment had no monastery ( of his won ). Before the monastery was built, the enclosure wall was put up. Even this enclosure wall was not completed. Aindapitsaya ( was sent ) to the ( Fort ) of Ngassaunggyan ( where ) he lived ( until ) the destruction of ( that recently ) established pran`- province, occurred. ၁၂၇၈ ခုနှစ် အတွင်းမှာ အနန္တ ပစ္စည်းအမတ်ကြီးသည် ထေရကျောင်းကြီးတစ်ဆောင် ဆောက်ရန်ပြင်ဆင်
ခဲ့သည်မှာ သိက္ခာတော်ရ မဟာ-ကဿဖ-အရှင်အတွက် ကျောင်းကြီးတစ်ဆောင် မရှိဖူးသေး၍ ဖြစ်သည် ။ ဤကျောင်း ကြီးဆောက်ဖို့မဆိုထားနှင့် ခြံဝင်းခတ်ရန်ပင် အပြီးမသတ်လိုက်ပေ ။ အနန္တပစ္စည်းအမတ်ကြီး ကို ငဆောင်ချမ်းသို့စေလွှတ်ခံရသည် ။ ထိုအရပ်တွင်ပင် အစောင့်အဖြစ် နေထိုင်သွားသည် ။ It seem that from the time of King Alaungsithu (Can`su II, 1160-1211) Ngasaunggyan was the northern limit of the Empire and Kyaungsin was the administrative centre of northern Burma. Aindapitsaya must have been a worthy officer to get the command of this important fort. Perhaps he survived the battle though he retired from active service thereafter Mongols took Ngasaunggyan on 3 December 1283. Kaungsin fell on 9 December 1283. The Mongols penetrated as far south as Tagung which was captured in January 1284. Hence the northern Burma became a Chinese province of Cheng-Mien.
အလောင်းစည်သူမင်းလက်ထက်တွင် ငဆောင်ချမ်းခံတပ် သည်အင်ပါယာကြီး၏မြောက်ဘက်နယ်နိမိတ်
ဖြစ်ပြီး ကောင်းစင်ကို မြောက်ပိုင်း အုပ်ချုပ်ရေး ဗဟိုဌာနအဖြစ် ထားရှိသည် ။ အနန္တပစ္စည်း အမတ်သည် စွမ်းဆောင်ရည်ထက်မြက်သော နယ်ခြားစောင့် ကွပ်ကဲနိုင်သူဖြစ်သည် ။ ဒီဇင်ဘာလ ၃ရက် ၁၂၈၃ တွင် မွန်ဂိုတို့သိမ်းယူသွားသော ငဆောင်ချမ်းစစ်ပွဲမှ အသက်ရှင် လွတ်မြောက်ခဲ့ရာသူသည် အနားယူတော့ မည် ။ ဒီဇင်ဘာလ ၉ရက် ၁၂၈၃ တွင် ကောင်းစင်ကျသွား သည် ။ မွန်ဂိုတို့သည် တောင်ဘက်သို့ဆက် လက် ထိုးဖောက် လာပြီး ၁၂၈၄တွင် တကောင်းကို သိမ်းယူနိုင်ခဲ့သည် ။ ထို့ကြောင့် မြန်မာနိုင်ငံ မြောက် ပိုင်း ဒေသသည် တရုတ်တို့၏ နယ်ပယ်(Cheng Mein) ဖြစ်သွားသည် ။
When the Burmese sent a peace mission headed by a monk called Shin Dithapamauk ( Dispramuk ), it succeeded in persuading the Mongol Emperor to call off the invading army. The Disapramuk inscription records this episode like this
မြန်မာတို့သည် သျှင်ဒိသာပါမောက္ခ ခေါင်းဆောင်သော ငြိမ်းချမ်းရေးသံအဖွဲကို စေလွှတ်ခဲ့ရာ မွန်ဂိုတို့၏ တပ်ဖွဲ့များကိုပြန်လည် ရုပ်သိမ်းပေးရန်အောင်မြင်စွာ ဖျောင်းဖျနိုင်ခဲ့သည် ။ ၎င်းကို သျှင်ဒိသာပါမောက္ခ ကျောက်စာတွင် အောက်ပါအတိုင်း မှတ်တမ်းတင်ထားပါသည် ။ Honour to him, the Blessed, the Saint, the fully Enlightened In Sakaraj 638 ( A.D. 1285 ) Mrigasira year, the King was staying at Lhan`kla, west Pran`. He sent Anatapcican` and Maha`puiw saying: “ Find out the Taruk movements.” Anantapican` and Maha`puiw said: “This task is a very hard one. There is no go between to send. And there is no one who could write the Gold Address (from our King to the Mongol Emperor). If only we have Syan Disapramuk with us, we should be able to undertake this task”. Thus they petitioned. So the King sent for me and entrusted this task to me.
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။
သက္ကရာဇ်၆၄၇ ခု အေဒီ-၁၂၈၅တွင် မြကသိုဝ်နှစ် ပြည် အနောက်ဖက် လှည်းကျနှိုတ် မင်းကြီးနေတော်မူ ၏ ။ အနန္တပစ္စည်း၊ မဟာဗိုလ်ကို နင်တို့ တရုပ်၏ အလားအလာကို သိအောင်မူလေဟုစေတော်မူ။ အနန္တပ စ္စည်း မဟာဗိုလ် ဆို၏ ။ ဤအမှုကားကြီးစွာ ။ တုမ်တပဲလေ လွတ်ရသည်မရှိ၊၊သုဝဏ္ဏလိပ် ပြုအံသည်သူ လည်းမရှိ၊၊ သျှင်ဒိဿပြမုတ်တည်းပါမူက အမှုဆောင်နိုင်အံ ။ ဤသို့ပန်ရကားငါကိုခေါ်၍ မင်းကြီးဤအ မှုနှင်၏ ၊၊ ဤအမှုကား ကြီးစွ ။သုဝဏရွှေပေလွှာကို မည်သူ ကရေး၍ ကျွန်ုပ်တို့ဘုရင်မှမွန်ဂိုတို့ ဘုရင် ထံ မည်သူ့ ကို စေလွှတ်ရမည် မသိပါ ။ သျှင်ဒိသာပါမောက္ခ ပါတော်မူလျှင်ကား အောင်မြင် ဖွယ်ရှိသည် ။ ထို့ ကြောင့် အများဆန္ဒနှင့် အသနားခံစာစေ၏ ။ မင်းကြီးသည် ငါ့ကိုယုံ၍စေလွှတ်ခြင်းဖြစ်သည် ။
At Sacchim and Hanlan we made no stay. Having made the Gold Address, we sent it to the Taruk King. The Taruk King said: “ This Gold Address is not from the King nor this learned man his (ambassador ). Anyway call him”. So they called me as being a learned man.
သစ်ဆိမ့် နှင့် ဟန်လင်း နှိုက် နေမူလေ၏ ၊။ သုဝဏ္ကလိပ်ပြု၍ တရုပ်မင်းကိုလွှတ်၏ ။ တရုတ်မင်းဆို၏ ။ ဤသုဝဏ္ကလိပ်ကား မင်းလွှတ်သည်မဟုတ် ။ အမတ်တို့  လွှတ်လတ်သော ။ သုဝဏ္ကလိပ် တကား၊။ သု ခမိန်ကား မင်းဝယ်လွတ်သောလှည့်ထ ။ ခေါ်ခြေ ငါသုခမိန်မူ အံ့ (ပြုအံ့) ဟုခေါ်၏ ၊၊ As for the Mha`ra`ja of Pagan, he made the Gold Address saying: “ Kings should not imprison ambassadors. He is to act as our ambassador”. Thereupon they released me. We reached the Taruk Kingdom. As for the Taruk King, with an intention to attack and capture Pangan, he had sent Price Susuttaki (with) 20,000 soldiers and (with the intention to do a Buddhist missionary work he had also sent) the Maha`thera Pun`n`adhammika, the Sanghathera Sri Dhammika and ( monks from ) seventy monasteries who were stopping at the city of Santhway (because) the Monsoon was heavy at that time. ပုဂံ မဟာရာဇ် (စသော)မင်းတို့ က တမန်ကိုမချုပ်ရာ ၊ (ငါ) ကိုလျှင်ငါတို့  တမန်မူလျက်အံဟူ၍ ။ သုဝဏ္က လိပ်ပြု၍ ငါကိုလွှတ်၏၊ ။ တရုတ်ပြည် ရောက်လေ၏ ။ တရုတ်မင်းကား ပုဂံသို့ပို့စေဟူ၍ သုသုတ္တိက မင်း သားအားသူရဲ ၂၀၀၀၀ ။ ပုညဓမ္မိကာ မဟာထေရ် ၊ ဂြီဓမ္မက သင်္ဃာထေရ် ၊ နှင့်ထေအပေါင်း ၇၀ကား သင် တွယ် (သင်းတွဲ= တကောင်း ) ပြည်ရောက်အောင်လျှင် ချ၍နေစေသတည်း ။ သန်ထန်လာသည်( မိုးကျ လာသည်) နှင့်အညီ နေစိမ့်ဟု တန့်စေ (နားစေ) သတည်း။ In due course we arrived at ( Santhway). Thereupon the monks who were stopping there gave me a few gifts and said: “ The ( Mongol Emperor ) would welcome you. He is a good Buddhist. Please tell him that we could not preach the Religion at Pagan (because nobody is there). As for me, having passed the place of these (monks), I reached Yachan` where I stopped for the (Buddhist Lent). In Tachonmahum (November) I went up to Taytu. In Plasuiwe (December) I arrived there. ငါရောက်လေ၏ ။ ထိုနှုက်တန့်လင့်သော အရှင်တို့သည် ငါ့ကိုဝ် လက်ဆောင်လက်နက်ဆက်၍ ဤသို့ဆို လင့်၏ ။ ငါသျှင်ကိုမင်းတောင့်တစွ။ မင်းလေသဒ္ဓါစွ ။ ပုဂံသာသနာကိုငါတို့ မပြုရကြောင်း ဆိုပါလေသော။ ငါလေ။ဤပုဂံ နေသော သူတို့၏ ။ နေရာကို လွန်ဖိရုယ်( လွန်ခဲ့၍) ယဆည်လျှင် ၀ါဆိုလေ၏ ။ တန်ဆောင် မုန်းကားတယ်တူတက်လေ၏ ၊။ ပြာသိုရောက်လေ၏ ။ The Taruk King was well pleased and we exchanged questions though nothing was said about state affairs. But at the end we talked about state affairs. He said; “ Pundit, I have these 20,000 soldiers and Maha`thera, Sanghathera and monks topropagate the Religion”. I replied: “Mha`ra`ja, all these soldiers and monks could work (what they had been assigned for) only when there is paddy (to eat). Is not paddy essential for the prosperity of a Kingdom? (At present there is an only toddy palm) and if they have to eat nothing but minced toddy palms, will they not all die of pains in the stomach? The monks would not have the courage to enter the capital yet. They are bound to perish if they have to stay in the jungle long. O King, if things remain like this, how you could expect to have had your mission completed. A man who works in a garden pours water and makes the trees grow. He never pinches the tips. He would wait till the trees bear fruits. First pour water on the Kingdom of Tanpratik. It isa small land but the Religion thrives there well. O King, you pray for the Buddhahood. Grant that the Religion of Father Kotama be not destroyed. The Kingdoms that you have conquered are very many and very great. The land of Tanpratikis small. Yet you want it because you want to establish the Religion there. (Then) let not the soldiers go there first. Allow me (to go back there first) to plant rice and beans. When the rice and beans are full grown, then enter” တရုတ်မင်းလည်း နှစ်လိုစွာရှိ၍ အမေးအမြူ စကားလျှင်ဆိုကြ၏ ။ ပြည်မှုကားမဆိုရ ။ အဆုံးမှ (ကား) ပြည်တယ် (တိုင်းရေးပြည်ရေး) စကားကိုဆိုကြလေ၏၊။ ပဏ္ဍိတ်ဤ ငါသူရဲ၂၀၀၀၀ နှင့် မဟာထေရ် သ- င်္ဃာထေရ်သျှင်နှင့် သာသနာပြုအံ့ ဟု နှင် (လွတ်)၏ ။ ငါဆိုလိုက်၏ ။ မဟာရစ် ဤသူရဲ အလုံး ၊ သင်္ဃာ အလုံး စပါးရှိမှတည်း တည်ကြည်အံ။ စပါးကား ပြည်စည်းစိမ်အမြစ် မဟုတ်လော ။ ဤသူရဲတို့သည် ထန်းကိုတည်း ချက်၍စားပြီးကား ၀မ်းနာ၍မူသေကုန် မဟုတ်လော ကြွင်း သော သံင်္ဃာတို့ လည်း ပြည် တွင်းမ၀င်၍ ။ တောသို့ ဝင်၍ သေကုန်ခံ သောတကား ။ မင်းကြီး မပြီးသော အမှုမဟုတ်လော ။ ဥယျာဉ် စိုက်သောယောက်ကျား ကား ။ ရေသွန်း၍ သစ်ပင်ကိုကြီးစေ၏၊ အညွန့်ကို မဆိတ်တကား ။ သစ်ပင်သီး ပြီးသော အခါ မှ အသီးစား၏ ။ တံပြတိက် ပြည်ကိုလေ ရေသွန်းဦးလတ် သး ။ ငါမူလည်း သာသနာမြတ် စွာ ။ မင်းကြီးကား ဘုရား ဆုတောင်းသော သူမဟုတ်လော ။ အဖ-ဂေါတမ - သာသနာကို မပျက်စီးလေ လတ်(လို)သိယ် (သော) ။ မင်းကြီးနိုင်သော ပြည်ကားများလဲများစွ ၊ ကြီးလဲ ကြီးစွ ၊တံပြတိတ်ပြည်ကား အငယ် တွယ်(အငယ်လေးတကား) ။ သာသနာရှိသောကြောင့်ရကား ဘုရားလောင်းတို့ကား ပြည်မြတ်၏ ။ သူရဲ (တို့ ကို ) မ၀င်စေလေသေး၊၊ ငါကားကောက်ပဲစိုက်လေဦးအံ့။ ကောက်ပဲပြီးပြီသောကား ၀င်၊ ဤသို့  ဆိုပေသောတည်း ။ The Taruk King said: “In these words my profit is also include. Pundit, call the monks who were running hither and thither at the time of your coming and plant rice and beans. When they are full grown, and then send them onto me”. When he had said thus, I was allowed to leave him. But there was some delay in my final return (to Pagan).Out of gratitude to me for this service, the King (of Pagan) gave me 400 pay (1,100 acre; 445.5 hectares) of land at Hanlan and 400 pay (1,100 acre; 445.5 hectares) of land at Kramu, including both wet and dry cultivation plots and slaves and cattle. All these I dedicate to the Three Gems at the Ceti` to Panpwat Rap- the Turner’s Quarter တရုတ်မင်းဆို၏ ။ ဤစကားတွင်ငါ့ဖို့လဲ ပါ၏ ။ ပဏ္ဍတ်လာ၍ ပြည် ပြည်သသျင် တို့ကို ခေါ်လေကောက်ပဲ လေးစိုက်လေ ။ ပြီးပြီသော ငါကိုလွတ်လတ်တုံ ။ ဤသို့ဟူ၍ ငါလာရသတေ(တည်း) ။ အမှုလေလျာရလျှင် သတေ ။ (အမှုလေထမ်းရအောင် မြင်ရသတည်း ) ဤသို့ - ငါ့ကျေးဇူးရှိရကား ငါကိုပေးတော်မူသော ၊ တန် လင်မြေ၄၀၀ ၊ ကြံတူမြေ သန် မုရင်း ပျိုးခင်းစုံ ၄၀၀ ၊ အပေါင်း မြေ ၈၀၀ ၊ ကျွန်နွားအလုံး ရတနာ- ၃ ပါးကို ရည်၍ ပန်ပွတ်ရပ်စေတီနှိုက် လှူ၏ ။
From the evidence that we get from this Disapramuk inscription, we can both add and correct the information that we have gathered from the Burmese chronicles and the Chinese sources. Firstly it is not correct to say that the Pagan King had put to death the Chinese envoys of 1273 although they had never returned to Yunan. In all probability they perished in the fighting with the frontier revels of that time. Secondly the Pagan King took refuge not at Pathein but at a place called Hlan`kla on the west of Pran` which is either Pagan or Pyay. Thirdly the Pagan King sent an envoy in the person of a learned monk called Disa`pramuk who succeeded in getting a truce from the Mongol Emperor and therefore the King gave land and slaves to the monk and a contemporary stone inscription by that monks still stands to bear testimony that the statements in the chronologies are more or less wrong.
သျှင်ဒိသာပါမောက္ခကျောက်စာတွင် ရေးထိုးထားသော အချက်အလက်များမှ မြန်မာ့ရာဇဝင်ကျမ်းများနှင့် တရုတ်အထောက်အထား များကိုပြန်လည်တိုက်ဆိုင် ဖြည့်စွက်ခြင်း နှင့် အမှားပြင်ဆင်ခြင်း ကို ကျွန်ုပ်တို့ ပြုလုပ်နိုင်ပြီဖြစ်ပါသည် ။ ပထမဦးစွာပြောနိုင်သည်မှာကား ၁၂၇၃ ခုနှစ်တွင် ပုဂံသို့ စေလွှတ်လိုက်သော သံတမန်တို့ယူနန်သို့ ပြန်မ ရောက်သည်ဆိုငြား ပုဂံ-မင်းကြီးမှ သတ်ဖြတ်သည်ဆိုခြင်းမှာ မဟုတ်ပါပေ ။ အဖြစ်နိုင်ဆုံး ဟုယူဆဖွယ်ရာ များမှာ ထိုအချိန်အခါက ၎င်းတို့သည် နယ်စပ်ဒေသ၌် လူရမ်းကားတို့ တိုက်ခိုက်ခြင်းခံရ၍ သေဆုံးပျက် ဆီးသွားခြင်းဖြစ်မည် ။ ဒုတိယအားဖြင့် ပုဂံမင်းကြီးသည် တရုတ်တို့ ရန်ကိုရှောင်ရန်အလို့ငှာ ပုသိမ်သို့ခိုလှုံ ပုန်းအောင်းသည် ဆို ရာမှာ မဟုတ်ပဲ-ပုဂံ (သို့) ပြည် ၏ အနောက်ဖက် ဒေသရှိ လှည်းကျ အရပ်တွင်သွားရောက် နေထိုင်ခဲ့ခြင်း ပင်ဖြစ်သည် ။ တတိယတွင်မူ ပုဂံမင်းကြီးသည် ၎င်းမှစေလွှတ်လိုက်သော မွန်ဂိုတို့နှင့်စစ်ပြေငြိမ်းရန် အကျိုးဆောင်နိုင်ခဲ့ သူစာပေတတ်ပုဂ္ဂိုလ် ငြိမ်းချမ်းရေး သံအမတ် သျှင်ဒိသာပါမောက္ခအား မြေယာများနှင့် ကျွန်များချီးမြှင့်ခဲ့ သည် ။ ထိုအချိန်က သျှင်ဒိသာပါမောက္ခ ရေးထိုးထားခဲ့သော ခေတ်ပြိုင်ကျောက်စာသည် မြန်မာရာဇဝင် ကျမ်းများတွင်ရေးသားထားသော အကြောင်းအရာများ၏ အမှားအနည်းအများကို စစ်ထုတ်ကြည့်ရန် အ ကောင်းဆုံးသက်သေခံပင်ဖြစ်သည် ။
သျှင်ဒိသာပါမောက္ခကျောက်စာပါ အဓိက အချက်အချို့မှာ
၁။ တရုတ်ဝင်လာတော့ ပြည်အနောက် ဘက် လှည်ကျမှာ ပုဂံမင်းကြီးတိမ်းရှောင်နေသည် ။
၂။ အနန္တပစ္စည်း နှင့် မဟာဗိုလ်အမတ်ကြီးနှစ်ပါး မင်းအနားမှာရှိသည် ။
၃။ ထိုအမတ်ကြီးတို့မှ ရန်သူတရုတ်ဘာအလိုရှိသလဲ သိဖို့ သျင်ဒိသာပါမောက္ခ ကိုခေါ်ပြီး တရုတ်မင်းဆီ
လွှတ်ပါရန် အကြံပေးသည် ။
၎။ မင်းကြီးကမင်းဆိုတာ တမန်ကိုဖမ်းပြီးချုပ်နှောင်တယ် လို့မလုပ်စဖူးပါလို့ အားပေးစကားပြောပြီးဘုန်း
ကြီးကို တေကု ( ပေကျင်း ) ထိသွားစေသည် ။
၅။ တရုတ် စစ်ဗိုလ်ချုပ် သုသုတ္တကိ (? Hsues - hsuehtu chin )မှာ သူရဲ နှစ် သောင်း ပါလာသည် ။ ၆။ မဟာထေရ ပုညဓမ္မိကနဲ့ သံဃာထေရ သိရိဓမ္မိက တို့ဦးစီးပြီး ကျောင်း ပေါင်း ၇၀ က သံဃာတွေ ပါ
လာသည် ။ ဗုဒ္ဓသာသနာ ပြုရန်အတွက်ဖြစ်သည် ။ ဆရာ ၊ သံဃာတွေကို သင်ထွယ် (?တ ကောင်း) မှာ ထားတယ် ။ ပုဂံမှာ ရဟန်း ၊မင်း ၊ လူတစ်ယောက်မှမကျန် ထွက်ပြေးနေကြလို့ ဘာလုပ်ရမှန်းမသိကြ ။ အမှန်က ပုဂံသားတွေကို ဗုဒ္ဓသာသနာဝင် ဖြစ်ဖို့ပြောဟောဖို့ မလိုမှန်း ခုမှသူတို့သိပုံပေါ်တယ် ။ဒါကြောင့် ကိုယ့်ဒေသကိုယ်ပြန်ချင်လှပြီ ။
၇။ တိုင်းပြည်မှာလူမရှိရင် ဘာမှလုပ်လို့မရဘူး ၊စစ်သည်သူရဲတွေကိုပြန်ခေါ် ၊ လူတွေပြန်ခေါ် ၊ ကောက်
ပဲစိုက် ပြီးတော့ အခွန်သိမ်းဖို့လာပါဆိုတဲ့ သျှင်ဒိသာပါမောက္ခ စကားကို တရုတ်ဧကရာဇ်သဘောကျပြီး ငြိမ်းချမ်းရေး ရခဲ့ပါသည် ။
အတွဲ (၂)
တရုတ်ဧကရာဇ်က မင်းသား ရဲစိန်တိမူ ( Ye-sin Timus )ကိုလွှတ်လိုက်၍ ပုဂံမင်းသစ်အဖြစ် ရွှေနန်သျင် ကို ၃၀ ၊ မေ ၊ ၁၂၈၉ တွင် နန်းတင်ပေးခဲ့သည် ။ ထိုမင်းအသစ်က သားတော် သိင်္ဃပတိကို တရုတ်-ဧက ရာဇ်ဆီကို လွှတ်ပါသည် ။ မြန်မာနိုင်ငံ အတွင်းရေး ( မွန်ဂိုတွေကို ချီပင့်တယ် ဆိုပြီး ရွှေနန်းသျင် နဲ့သင်္ဃ ပတိကိုသုတ်သင်လိုက်၍ )ရွှေနန်းသျင်သည် ၁၂၉၇ တွင် နန်းကျသည် ။ တရုတ်ပြည်လာသော တက်တဝ် မူ မင်းကြီး( တက်တဝ်မူဆိုတာတရုတ်မှတ်တမ်းမှာ ကုမာရ ကဿဘလို့တွေ့ ရ ) လို့အမည်ရတဲ့ မင်းသစ် တစ်ပါးကိုနန်းတင်တယ် ။ ဒါပေမယ့် နန်းစံသက်မကြာပဲ စောနစ်ကနန်းတက်ပါသည် ။ ထိုမင်းလက်ထက် တွင်တော့ ပုဂံမင်းဆိုတာ အမည်ခံသာဖြစ်ပြီး တန်ခိုးသြဇာမရှိတော့ပါ ။ ရွှေနန်းရှင် ကိုနန်း ချလိုက်ပြီး စော နစ်ကိုနန်းတင်တဲ့ အသင်္ခယာ ညီနောင်သုံးဦး တို့ သည် ပုဂံနိုင်ငံတော်ကို ခွဲဝေပြီး အုပ်စိုးထားကြပါပြီ ။ အ- င်္သခယာက မြင်စိုင်း ၊ ရာဇသင်္ကြန်က မေက္ခယ(မက္ခရာ) ၊ သီဟသူက ပင်လယ် မှာမင်း အဖြစ် ကိုယ်စီ ထူ ထောင်နေကြပါသည် ။ နန်းချခံရတဲ့ တက်တဝ်မူက တရုတ်ကို အကူအညီတောင်း၍ ၁၃၀၀ မှာ မွန်ဂို တွေ စစ်ချီလာပြန်ပါသည် ။ ပုဂံကိုမဟုတ်ပဲ မြင်စိုင်းကို တန်းချီ ကြပြီး အင်္သခယာ ညီနောင်သုံးဦးနှင့် ရင်ဆိုင်ပါ သည် ။ ထိုသုံးဦးမှလည်း အမျိုးသားရေးလှုံဆော်မှု ပြုထားသဖြင့် အများထောက်ခံချက်ရနေချိန်ဖြစ်၍ စဥ့် ကူးနှင့် မလည်ကို ပြန်တိုက်ယူပေးနိုင်ခဲ့ သည် ။ အချိန်ကြာလာတော့ ခံစစ်သက်သက်သာဖြစ်နေရပြီး ရန် သူ၏ဝိုင်းရံထားခြင်းကို ခံနေရပါသည် ။ မြန်မာနိုင်ငံ -အလယ်ပိုင်းရဲ့ ပြင်းထန်လှသော အပူဒဏ်က ရန်သူ ကိုအားနည်းစေပြီး တဖက်မှ ရွှေ ၊ ငွေလက်ဆောင် ပဏ္ဍာများ ပေးကမ်းလိုက်ခြင်း -ကြောင့် တရုတ်တို့က အရံဖြုတ်ပြီးဆုတ်ခွာသွားပါသည် ။ တရုတ်က ကျဲန်မိယင်( Cheng- Mien ) လို့အမည်ပေးထားတဲ့ မြန်မာ နိုင်ငံကို ၄၊ဧပြီ ၊၁၃၀၃ မှာ အပြီးဖျက်သိမ်းကြောင်း ကြေ ညာခဲ့သည် ။
သမိုင်းကြောင်းဆိုင်ရာ အရေးပါသော ရှင်ဒီသာပါမောက် ကျောက်စာ အေဒီ ၁၂၈၅။ နောက်ဆက်တွဲတစ်ချို့ ။
သျှင်ဒိသာပါမောက္ခကျောက်စာပါ အဓိက အချက်အချို့မှာ
၁။ တရုတ်ဝင်လာတော့ ပြည်အနောက် ဘက် လှည်ကျမှာ ပုဂံမင်းကြီးတိမ်းရှောင်နေသည် ။ ၂။ အနန္တပစ္စည်း နှင့် မဟာဗိုလ်အမတ်ကြီးနှစ်ပါး မင်းအနားမှာရှိသည် ။ ၃။ ထိုအမတ်ကြီးတို့မှ ရန်သူတရုတ်ဘာအလိုရှိသလဲ သိဖို့ သျင်ဒိသာပါမောက္ခ ကိုခေါ်ပြီး တရုတ်မင်းဆီ
လွှတ်ပါရန် အကြံပေးသည် ။
၎။ မင်းကြီးကမင်းဆိုတာ တမန်ကိုဖမ်းပြီးချုပ်နှောင်တယ် လို့မလုပ်စဖူးပါလို့ အားပေးစကားပြောပြီးဘုန်း
ကြီးကို တေကု ( ပေကျင်း ) ထိသွားစေသည် ။
၅။ တရုတ် စစ်ဗိုလ်ချုပ် သုသုတ္တကိ (? Hsues - hsuehtu chin )မှာ သူရဲ နှစ် သောင်း ပါလာသည် ။ ၆။ မဟာထေရ ပုညဓမ္မိကနဲ့ သံဃာထေရ သိရိဓမ္မိက တို့ဦးစီးပြီး ကျောင်း ပေါင်း ၇၀ က သံဃာတွေ ပါ
လာသည် ။ ဗုဒ္ဓသာသနာ ပြုရန်အတွက်ဖြစ်သည် ။ ဆရာ ၊ သံဃာတွေကို သင်ထွယ် (?တ ကောင်း) မှာ ထားတယ် ။ ပုဂံမှာ ရဟန်း ၊မင်း ၊ လူတစ်ယောက်မှမကျန် ထွက်ပြေးနေကြလို့ ဘာလုပ်ရမှန်းမသိကြ ။ အမှန်က ပုဂံသားတွေကို ဗုဒ္ဓသာသနာဝင် ဖြစ်ဖို့ပြောဟောဖို့ မလိုမှန်း ခုမှသူတို့သိပုံပေါ်တယ် ။ဒါကြောင့် ကိုယ့်ဒေသကိုယ်ပြန်ချင်လှပြီ ။
၇။ တိုင်းပြည်မှာလူမရှိရင် ဘာမှလုပ်လို့မရဘူး ၊စစ်သည်သူရဲတွေကိုပြန်ခေါ် ၊ လူတွေပြန်ခေါ် ၊ ကောက်
ပဲစိုက် ပြီးတော့ အခွန်သိမ်းဖို့လာပါဆိုတဲ့ သျှင်ဒိသာပါမောက္ခ စကားကို တရုတ်ဧကရာဇ်သဘောကျပြီး ငြိမ်းချမ်းရေး ရခဲ့ပါသည် ။
ဒေါက်တာသန်းထွန်း ၊ ခေတ်ဟောင်းမြန်မာရာဇဝင် ။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ။